6🌼

1.3K 51 2
                                    

သစ္စာရှင်ချစ်ဇနီး
Season-2

အပိုင်း(၆)

""ဟာ ဟိတ်လူ ကားလာနေတယ်ဗျို့""

ကားလမ်းအား ဖြတ်ကျော်၍ ဦးခေါင်း၌ သွေးတို့ယိုစီးနေသော ကိုးအား အဝေးမှလှည့်ကြည့်ရင်းမှ လူတစ်ယောက်က ဝင်ပြောသည်။ ခြေဗလာနှင့် ပြာဝေနေသော မျက်လုံးတေက အမြင်အာရုံဝေ ဝါးလာလေသည်။ များမကြာမီ

""တီ.....ကျီ.....ဒုန်း""

မုန့်လုပ်ငန်းတစ်ခုသို့ သွားမည့်ကုန်တင်ကားတစ်စီးက ကိုးကန့်လန့်ဖြတ်ရာ လမ်းအား အရှိန်လွန်စွာမောင်းနှင်လာသည်။

""ဟာ....တော်သေးတာပေါ့""

""ဟိတ်လူရရဲ့လား!""

ကတ်သီလေးပင် လွဲသွားသော ကားကြီးအား စက္ကန့်ပိုင်းအလိုမှာပင် ကိုး ကွမ်းယာဆိုင်နားသို့ လဲကျသွားသည်။

""ဟိတ်.....ဟိတ်....သတိမေ့ကုန်ပြီ""

သုံးကြိမ်တိုင်တိုင်လှီးဖြတ်ထားသည့် လက်ကောက်ဝတ်က သွေးတို့မှာ စေးကပ်ခြောက်သွေ့သွားပေမဲ့ သတိက ရတစ်ချက်မရတစ်ချက်နှင့်။ ကတ္တရာလမ်းနှင့်မြေသဲပေါ်တွင်ကိုယ်တစ်ပိုင်းစီ ပစ်လဲသွားရကာ ကွမ်းယာဆိုင်က လူတစ်ချို့ ဝိုင်းအုံလာကြသည်။

""ဆေးရုံ....ဆေးရုံကား""

မျက်နှာစိမ်းပေမဲ့ ကိုးတို့တည်းသည့် ခြံဝန်းဘက်တွင်အလုပ်သမားများ အလုပ်နားလျှင် ကွမ်းယာဆိုင်တွင် အုံနေတတ်ကြသောကြောင့် ခြံဝန်းထဲက ထူးဆန်းစွာ ထွက်လာသော ကိုးအား ဝိုင်းအော်ပေးကြသည်။

""ဟုတ်ပြီ.....ဟုတ်ပြီ....ဒေါ်လေးခုလာခဲ့မယ်""

ခြံဝတွင်လာပြောသော အလုပ်သမားများကြောင့် ဒေါ်မြသက်ခေါင်းကြီးသွားကာ ထိုသူငယ်အား ဤမျှလောက်မိုက်ရူးရဲဆန်လိမ့်မည်ဟုမထင်မိတာ အမှန်ပင်။ လမ်းမပေါ်အားဖြတ်ကာ ကားတိုက်ခံရတော့မည်ဆိုသောစကားက လူကြီးဖြစ်သူတို့အား ခေါင်းနပန်းကြီးစေသည်။

""ဒီက သူငယ်မ မင်းဒီတိုင်းပဲထိုင်နေတော့မှာလား မင်းယောက်ျားဒီလောက်သွေးထွက်သံယိုဖြစ်နေတာ မင်းမို့လို့ မတုန်မလှုပ်နဲ့""

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Wo Geschichten leben. Entdecke jetzt