5🌼

1.3K 57 0
                                    

သစ္စာရှင်ချစ်ဇနီး
Season -2

အပိုင်း-(၅)

ပျော့ခွေသွားသော ပျို့ရဲ့ ကိုယ်လေးအား ပွေ့ဖက်ထားရင်းမှ ဖြည်ချထားသော ဂါဝန်ဇစ်လေးအား ပြန်လည်ဆွဲတင်ပေးသည်။ သူကိုယ်တိုင်အပူခံဝတ်ထားသည့် ကုတ်အကျီအား ချွတ်ချပြီးမှ ဟစ်ဟာနေသည့် ပုခုံးသားတေအား ဖုံးဖိပေးသည်။ လုံခြံအောင် ကုတ်အကျီအား ဝတ်ပေးပြီးပြီဆိုမှ ကိုယ်လေးအား ပွေ့ချီကာ ကားရှိရာသို့လျှောက်သွားသည်။

""တောင်းပန်ပါတယ် ကိုယ့်အနားမှ မင်းရှိနေဖို့က ဒီနည်းလမ်းပဲရှိလို့""

သူသိသည်။ သူမအားနည်းချက်ကိုသူသိ၏။ အမြဲသူ့အား ရွံရှာမုန်းတီးနေသူ၏ အထိအတွေ့တေကြား သူမသေလောက်အောင် မုန်းနေလိမ့်မည်။ နှုတ်ခမ်းကနေ အကြိမ်ကြိမ်အမုန်းစကားတေပဲပြောနေသောကြောင့် အပြစ်ပေးမိသည်ဟုပဲ သဘောထားကာ မောင်းသူဘေးက နေရာလေးမှာ သူမအား.ထည့်ပေးသည်။ သတိလက်လွတ်နှင့် အိပ်စက်နေသော သူမအား မောင်းသူ၏ဘေးထိုင်ခုံတွင် ထည့်ကာ တစ်နေရာသို့ ဦးတည်လိုက်သည်။

နာရီပေါင်းများစွာကြာအောင် အရှိန်တင်မောင်းနှင်လာပြီးနောက် အမြန်လမ်းကနေ မန်းလေးထဲသို့ဝင်လာသည်။ အပူအပင်ကင်းစွာ အိပ်စက်နေသည့် သူမခေါင်းက မှီအုံးမှာ မရှိဘဲ တဖြည်းဖြည်းစောင်းငဲ့လာသော​ကြောင့် ကိုး လမ်းဆုံအဝင်ဝကို ဖြတ်ကူးရင်းမှ လက်တစ်ဖက်က အော်တို ခံထားလျက်။ ကျရောက်လာတဲ့ခေါင်းလေးကို ဖွဖွ ကုပ်ကိုင်ထားရင်း အဝါအဖြူအတုံးတို့ရှိရာလမ်းဘေးသို့ ချရပ်သည်။ ဆိုင်ကယ်မြို့တော်ဟုခေါ်ရလောက်အောင် ရှုပ်ထွေးလှသော ဟွန်းတီးသံများနှင့် ဆိုင်ကယ်များကြောင့် ထိန်း၍ ရပ်ရသည်။ ကိုး ပိုင်သည့်အိမ်သို့ရောက်ရန်မှာ နာရီဝက်လောက်မောင်းရမည်ဖြစ်ပြီး အိမ်ဆိုသည်မှာလည်း တောင်ပြင်တွင်ဖြစ်သည်။ ကားချရပ်ရင်းမှ ခေါင်းစောင်းနေသည့် ကိုယ်လေးအား မှန်အလုံပိတ်ထားသည့် ကားမှန်ဘက်သို့ တွန်းပို့ပေးပြီး ကားထဲအမြဲထားနေကြ အရုပ်ခေါင်းအုံးလေးအား ခေါင်းလေးနှင့်မှန်ကြား ခုပေးထါးသည်က ခေါင်းနာတေမည် စိုးရိမ်၍ဖြစ်ပေသည်။ လက်လေးကုပ်ခြစ်၍ အိပ်စက်နေသည်က သတိလစ်တာနှင့်မတူညီဘဲ အိပ်ပုတ်ကြီးနေသည်။

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Tempat cerita menjadi hidup. Temukan sekarang