8🌼(End)

3.9K 88 18
                                    

သစ္စာရှင် ချစ်ဇနီး
Season2

အပိုင်း(၈)

ပျံကျရပ်ကွက်လေးတစ်ခုထဲ ဆူညံပွတ်လောရိုက်နေကြကာ တအိမ်နဲ့တအိမ် အီးပေါက်သံပါ ကြားနေရတဲ့အထိ။ ကလုန်းကားလေးက ထိုဆူညံနေတဲ့ ရပ်ကွက်လေးထဲ ဝင်သွားကာ ရပ်ကွက်အစွန်ဆုံးက အိမ်လေးရှေ့တွင်ရပ်သွားသည်။ နှစ်ထပ်လိုလို အဖီချထားသော ပျဥ်ထောင်အိမ်လေးက ပေလေးဆယ်ဝန်းလေးထဲ ထီးထီးကြီးရှိနေကာ နေသူမရှိသောကြောင့် ခြောက်ကပ်နေလေသည်။ဘေးခြံက မိငယ်လေးကတော့ မူကြိုသွားနေလောက်ပြီ။ကိုဖိုးတုတ်ကလည်း အလုပ်ချိန်မို့ သူ့မိန်းမတစ်ယောက်သာရှိပေလိမ့်မည်။ စက်ချုပ်သံ တဂျောက်ဂျောက်နှင့်မို့ အထည်စားချုပ်နေမှန်း ကိုးသိလိုက်သည်။

""ငယ်လေးတို့အမေရေ ကျွန်တော်သော့လာယူတာ""

ခါးလောက်သာရှိသော တခါးသည် ထိပ်တွင် အချွန်သစ်သားပြားလေးတွေ ရှိနေကာ ဝယ်လာသည့် မုန့်ပုံးတွေကိုလည်း ထိုနေရာမှာသာ ချိတ်၍ အော်ပြောသည်။ ဝင်သွားဖို့လည်း စိတ်မပါသလို မသင့်တော်သောကြောင့် တခါးတဖက်၌သာစောင့်နေလေသည်။

""အော် မောင်လေးကိုး ကိုး သော့ယူလာတာလား ခဏနော်""

ဖွင့်ထားသော အိမ်ဝအား သေချာကြည့်မှ အခြားမိန်းမကြီးတစ်ယောက်လည်းရှိနေကြောင်း မြင်လိုက်သည်။ ဒါကိုတော့ သူသိပ်ပြီး ဂရုစိုက်မနေတော့။ သော့တွဲလေးလာပေးသော ငယ်လေးအမေ မလုံးအား တစ်ချက်ပြုံးပြတော့ မလုံးမျက်နှာက အံ့သြနေလျက်။

""ဟယ် ခေါင်းမှာလည်း ပတ်တီးတွေနဲ့ ဘယ်လိုဖြစ်တာလဲ ဆရာလေးရယ် ခဏက အဝေးကဆိုတော့ သေချာမသိဘူး"'

""ဟာ.....မတော်တဆပါ သက်သာနေပါပြီ""

""ဘယ်လို ဘယ်လို မတော်တဆဟုတ်လား သွားတာဖြင့် တလမပြည့်သေးဘူး ဒဏ်ရာဒဏ်ချက်တွေနဲ့ အပျိုလေးက လက်ကြမ်းလိုက်တာလား""

""မဟုတ်ပါဘူး ""

ထိုစကားကြောင့် မျက်နှာပျက်သွားတာက ကိုးကိုး။
သူမကြောင့်ဆိုတာ သိပေမဲ့ ဒါက ကိုယ်လုပ်လို့ကိုယ်ခံရတာလေ။
မထူးဆန်းပါဘူး!

""မလုံးရေ မြန်မြန်လာပါအုန်း ဟင်းအိုးတူးနံ့ရတယ်""

""ဟေ.....ဆရာခဏနော်""

သစ္စာရှင်ချစ်ဇနီး Season-2(Completed)Donde viven las historias. Descúbrelo ahora