Htut and His Lovely U Thaw🐙
"ဦးသော် ခင်ဗျားနော် ကျွန်တော်သိပ်မကြည်ချင်တော့ဘူး..."
ထင်တယ် ဟိုငမွှေထိုးသားသားနဲ့တွေ့ပြီးပြန်လာရင်ဒီလိုအသံတွေကြားရမယ်ဆိုတာကိုလေ။သော်ခန့်မောင်ရေခွက်လေးကို ထွဋ်ပေါက်လက်ထဲထည့်ပေးရင်း
"ထွဋ်ပေါက်ရေ ပြန်လာလာချင်းစကားတွေအများကြီးမပြောနဲ့ ရေလေးသောက် အနားယူပြီးမှဆက်ရစ်နော်.."
"ဘာ.. ရစ်တာဟုတ်လား အင့် မသောက်ဘူး .."
ရေခွက်ထဲမှရေကို ရှိုးစမိုးအပြည့်ဝတ်စားထားသောဦးသော်ကိုလှမ်းပတ်လိုက်သည်။
"အာ စိုကုန်ပါပြီ ထွဋ်ပေါက်စရဲ့ ကိုယ်အပြင်ခဏသွားရဦးမှာလေကွာ"
ဒေါသအရှိန်အဟုန်ပြင်းပြင်းပါသည့်မျက်စောင်းက ဝုန်းခနဲရောက်လာကာ
"ခင်ဗျားနော် ဒီချိန်ကြီးဘာသွားလုပ်မှာလဲ ခင်ဗျားအဆက်နဲ့သွားတွေ့မလို့မလား"
"ဟာ မဟုတ်တာကွာ မမဖြူကခဏလာခဲ့ဦးဆိုလို့ပါ"
"ဟွန်း ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့နော် မြန်မြန်ပြန်လာခဲ့"
ကော့တော့ကော့တော့နဲ့ အခန်းထဲဝင်သွားသူကြောင့် အနောက်ကအပြေးလိုက်တော့ ထင်သည့်အတိုင်းပင် ဘေးဘက်ရှိပြတင်းပေါက်ကိုမပိတ်ဘဲ ကိုယ်ပေါ်မှအဝတ်ကိုချွတ်နေသည်။
သော်ခန့်မောင်ပြတင်းပေါက်ကို အမြန်သွားပိတ်ပြီးမှ သက်ပြင်းချနိုင်သည်။အဲ့ကောင်လေးကရေချိုးတိုင်းအဲ့လိုပဲ
ကိုယ်ကသာပြာယာခပ်နေတာ ကာယကံရှင်ကိုယ်တော်ချောကတော့ အဝတ်တစ်စမှမကပ်သောခန္ဓာကိုယ်နဲ့ အေးအေးဆေးဆေးပင် ရေချိုးခန်းထဲဝင်သွားသည်။
ဒီအတိုင်းပုံပြီးချွတ်သွားသော အဝတ်အားကောက်ယူကာလျှော်မည့်ခြင်းထဲထည့်လိုက်သည်။
မမဖြူဆီမနက်မှလာမည်ဖြစ်ကြောင်း ဖုန်းလှမ်းဆက်ပြီး ဗီရိုထဲမှပေါ့ပါးသည်အဝတ်တစ်ထည်ကိုထုတ်ကာ ထွဋ်ပေါက်ရှိနေသောရေချိုးခန်းကိုထိုင်ကြည့်နေမိသည်။
သူအရင်လိုမရှုပ်တော့ပါ။အခုသူ့မှာ သူချစ်ရတဲ့ထွဋ်ပေါက်လေးရှိနေပြီလေ။ သူနှင့်ထွဋ်ပေါက်လေး ခံစားချက်တွေမျှဝေခဲ့သည်မှာ ၃နှစ်ကျော်ကျော်ရှိတော့မည်။ သားသားတို့က အချုပ်အနှောင်ကင်းစွာ အတူနေထိုင်နိုင်ပြီဖြစ်ပေမဲ့ သူ့မှာတော့ ချစ်ရသူ၏မိဘများ၏မကြည်ဖြူခြင်းကို အခုချိန်ထိခံနေရတုန်း။သားဖြစ်သူကို ထားဝယ်မထည့်ပေးနိုင်ပါဆိုသဖြင့် သူမြိတ်မှာလာနေတာပင် တစ်နှစ်ကျော်နေပြီဖြစ်သည်။ထွဋ်ပေါက်ကလည်း မိဘတွေကိုပုန်ကန်ကာ သူ့ဆေးခန်းတွင်အလုပ်ဝင်လုပ်ပြီးသူနှင့်အတူနေသည်။
YOU ARE READING
My Sweetness Joy [Complete]
Romanceအချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အမှားသာ)💚