"တောက် တောက် တောက် တောက်"
မနက်စောစောအချိန်တွင် မှန်တောက်သံကြောင့် ဇာနည်တစ်ယောက် နိုးလာရသည်။မှန်တောက်သံကြောင့် နိုးသွားပေမဲ့ စိတ်အစဉ်က ကြည်လင်နေသည်။မနေ့ညက ကောင်းကောင်းအိပ်ပျော်သည်မလား။
အသံကြားရာဆီလှမ်းကြည့်လိုက်တော့ မနက်ခင်းမြူငွေ့ကြောင့် ငွေ့ရည်ဖွဲ့နေ၍မှိုင်းနေသော ပြတင်းပေါက်မှန်ကို သူ့နှုတ်သီးဖြင့်တောက်နေသည့် အမြှီးရှည်ငှက်ကလေး။လှလိုက်တာ။အနီးကပ်ကြည့်ချင်၍ အိပ်ရာမှအသာထကာ အနားကပ်သွားလိုက်တော့ အမြှီးရှည်ငှက်က လန့်ပြီးပြန်ပြေလေသည်။
"ဟင်း ငါကအသာလေးကြည့်မလိုဟာ မာနကြီးလိုက်တာ အမြှီးရှည်ကောင်က"
ပြတင်းတံခါးအား အသာဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်မိလိုက်သည်။
မြူနှင်းရေသောက်သုံးထားသော သစ်ပင်သစ်ရွက်တို့မှာ စိမ်စိုလှပနေသည်။ရောင်နီကလဲ ဇာနည်မျက်နှာနုနုပေါ်သို့ သစ်ရွက်စိမ်းများကြားက တစ်ချက်တစ်ချက်ရောက်လာသည်။မနီးမဝေးလေယာဉ်ကွင်းဆီက လေယာဉ်ကိုကြားရသည်။လေယာဉ်တက်တော့မယ်ထင်တယ်။ထိုအခိုက် လေနတ်သားရဲ့ကျီဆယ်မှု့ကြောင့် လှုပ်ယိမ်းကခုန်သွားသော သစ်ပင်သစ်ရွက်တို့နဲ့အတူ ရောင်နီနုနုမှာ ဦးမော့ကာတက်သွားသော လေယာဉ်တစ်ဆင်း။သဘာဝပန်ချီကားတစ်ချပ်အလားပင်။
"ခါတိုင်း ဒီအချိန်အိမ်မက်ထဲရောက်နေလို့ ဒီလိုအလှအပတွေကို မမြင်မိဘူး သိပ်လှတာပဲ နောက်နေ့လဲ စောစောထရမယ်"
"ကလင် ကလင် ကလင်"
ထိုအခိုက်အိမ်ရှေ့လမ်းဆီက စက်ဘီးဘဲလ်သံကြားလိုက်ရသည်။
"ဟာ နွားနို့က အစောကြီးပို့တာလား ဝီရိယကောင်းလိုက်တာ"
"ကလင် ကလင် ကလင်"
ဘဲလ်သံက ထပ်မြည်လာသည်။အိမ်ရှေ့ကို လှမ်းကြည့်မိလိုက်တော့ အတော်အံ့ဩမိသွားသည်။အားကစားဝတ်စုံ အနက်ရောင်နှင့် စက်ဘီးပေါ်မှ ခြေထောက်တစ်ဖက်ချကာ လက်လှမ်းပြနေသော အမောင်ကောင်ချောလေး။
ဇာနည်လဲ လက်ပြန်ပြလိုက်သည်။ကောင်ချောလေးက သူ့ရဲ့အင်္ကျီအိတ်ထဲမှာ ဖုန်းကိုထုတ်ကာ တစ်စုံတစ်ရာ ငုံ့ရေးပြီး ဖုန်းကိုကြည့်ရန်လက်ညိုးထိုးပြသည်။
YOU ARE READING
My Sweetness Joy [Complete]
Romanceအချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အမှားသာ)💚