အခန်း(၁၁)Z&U

623 59 10
                                    

   "အု အန်ချင်တယ်"

    ပျို့တက်လာသော ခံစားချက်ကြောင့် အိပ်ရာမှလူးလဲထလိုက်ပြီး အိမ်သာထဲသို့ပြေးအန်ရသည်။ချဉ်းစူးစူးနဲ့လှိုက်တက်လာတာအနံ့ကြီးကို မုန်းလိုက်တာ။ဗိုက်ထဲရှိသမျှအကုန်အန်ချပစ်လိုက်ပြီး ဗိုက်နှိပ်ကာ အိပ်ရာပေါ်သိုပြန်လာလိုက်သည်။

   ကုတင်ဘေးဘီရိုပုလေးမှ ဆေးသေတ္တာပေါက်စလေးကိုထုတ်ကာ Air-Xဆေးကဒ်မှ ဆေးနှစ်လုံးထုတ်ကာယူဝါးလိုက်သည်။ပြီးမှ ရေသောက်ချလိုက်သည်။အသားကင်စားတာအရမ်းများသွားလို့ အစာမကြေဖြစ်တာနေမာ။ဗိုက်ထဲမှာ ဂလုံဆန်နေတာကြောင့် မျက်စိပါကျယ်ပြီး အိပ်မရတော့။

     နာရီကြည့်လိုက်တော့ ၃နာရီတိတိ။ကြားဖူးတာက ၃နာရီဆိုသရဲတွေပြန်ဝင်တာတဲ့။အဲ့အချိန်ဆိုသရဲခြောက်တယ်တဲ့။မနေ့ကလဲ သရဲကားကြည့်ထားတာ။မျက်လုံးထဲမှာ သရဲပုံရိပ်တွေအစီအရီဝင်လာသည်။

  "ဂျစ် ဂျစ် ဂျစ်...."(သစ်ကိုင်းနဲ့မှန် ခြစ်မိသံ)

တံခါးဆီမှ တဂျစ်ဂျစ်နဲ့အသံကြောင့် ကြက်သီးတွေပါထလာသည်။

"အမလေး ငါ့ကိုသရဲကဂုတ်ချိုးသွားရင်ဘယ်လိုလုပ်မလဲ"

"သရဲတွေလာတာလားမသိဘူး"

   ကြောက်လန့်ပြီ စောင်ခေါင်းမှီခြုံကာကွေးနေလိုက်သည်။အဲ့အချိန်မှ တစ်ခုခုကိုသတိရသွားပြီး ဘီရိုပုပေါ်တင်ထားသောဖုန်းကို အမြန်လှမ်းယူပြီး စောင်ထဲသွင်းကာ Call logမှတစ်စုံတစ်ယောက်ရဲ့ဖုန်းနံပါတ်ကိုရှာပြီး နှိပ်လိုက်မိသည်။

"တီ တီ တီ တီ တီ "

"ဟဲလို"

   ဒီအချိန်ကြီးခေါ်တာတောင် အသံက အိပ်ချင်မူးတူအသံမပေါက်။ ကြည်လင်နေတုန်းဟ။ဘာလဲမအိပ်သေးတာလား။

   "ဟဲလို မောင် ပြောလေ ဒီအချိန်ကြီး ဘာလဲ ကျွန်တော့်ကို လွမ်းလို့လား"

   "မင်းမအိပ်သေးဘူးလား"

  "ဒီအချိန်ကြီးကို ဘယ်သူကမအိပ်ပဲနေမှာလဲ။‌ဖုန်းခေါ်လို့နိုးသွားတာ"

  "အော် စကားပြောရအောင်လေ"

  "ကျောင်းရောက်မှ ကျွန်တော်လာခဲ့မယ်။အဲ့ကျမှပြောချင်တာပြောနော်။

My Sweetness Joy [Complete]Where stories live. Discover now