"မောင် ကျွန်တော်ဒီမှာ"
မောင်က ရုပ်တည်ကြီးလုပ်ပြီး သူ့မှိုလုံးဆံပင်လေးလှုပ်အောင် လမ်းလျှောက်လာလေရဲ့။ကျွန်တော့်နားရောက်တော့ မထိုင်သေးဘဲ ဟိုကြည့်ဒီကြည့်လုပ်နေလေရဲ့
"မောင် ထိုင်လေ"
"ထွဋ်ရော ဘယ်သွားတာလဲ"
"ဘယ်မှမသွားပါဘူး"
"အာ့ဆို ဘယ်မှာလဲ မတွေ့ပါလားကွ"
"သူ့အိမ်မှာပေါ့ဖြစ်မှာပေါ့ မောင်ရဲ့"
"ဪ ငါက သူရောပါလာမယ်ထင်နေတာ"
မောင် ကျွန်တော့်ရှေ့ဝင်ထိုင်လိုက်တဲ့အချိန် မောင့်ဆီက ထွက်လာတဲ့ babi mildနံ့ကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။အဲ့တာကို မောင်ကမြင်ဖြစ်အောင်မြင်ပြီးမျက်လုံးပြူး၍ကြည့်လာသည်။ကျွန်တော်လဲ မသိချင်ယောင်ဆောင်ပြီး
"မောင် ဘာစားမလဲ ကြိုက်တာစားကျွန်တော်ကျွေးမယ်"
ကျွန်တော်မေးတော့ မောင်က သူ့အိတ်လေးကိုပုတ်ပြပြီး
"ငါ့ဘာသာစားပြီး ငါ့ဘာသာရှင်းမယ်"
ကျွန်တော်လဲ ခေါင်းညိတ်ပြလိုက်သည်။မျက်နှာလေးမြင်ရတာနဲ့တင်ကျေနပ်ပါတယ်လေ။
"ကျွန်တော်တို့ ဒီလိုခဏခဏတွေ့ရအောင်နော်"
မောင်က ခေါင်းညိတ်ပြသည်။ပြီးတော့ သူမှာထားတာ ပင်လယ်စာချဉ်စပ်ခေါက်ဆွဲကို နှုတ်ခမ်းတထော်ထော်ဖြင့်တဖူးဖူးမှုတ်ကာ အားရပါးရစားနေပြန်သည်။ခေါက်ဆွဲကပူလွန်းသဖြင့်အငွေ့တွေထနေသည်။ထိုအငွေ့တွေကြောင့် မောင်မျက်နှာနုနုက နီရဲနေသလို မျက်လုံးဝိုင်းလေးဆီတွင်လဲ မျက်ရည်ဝဲနေလေသည်။နှာခေါင်းလေးရှုံ့တွရှုံတွလုပ်နေသောကြောင့်
ကျွန်တော်tissueယူပြီး လှမ်းပေးလိုက်တော့ ပါးနှစ်ဖက်ကပိုရဲသွားသယောင်နဲ့ မော့ကြည့်လှသည်။
ဇာနည်လဲ စားနေသောခေါက်ဆွဲပူပူစပ်စပ်ကြောင့် နှာရည်တွေပါကျချင်လာသည်။ခေါက်ဆွဲကိုမှုတ်လိုက်စားလိုက်နဲ့အရသာတွေ့နေတာမို့ ပတ်ဝန်းကျင်ကိုဂရုမစိုက်မိ။မျက်လုံးရှေ့ကို tissueဖြူဖြူကိုကိုင်ထားတဲ့ လက်ဖြူဖြူသွယ်သွယ်လေး ရောက်လာမှမော့ကြည့်မိသည်။ရှက်လိုက်တာ သူကကျွန်တော့်ကို ပြုံးကြည့်နေပြန်ပြီ။သူပြုံးတာမြင်ရတော့ ကျွန်တော်ရင်ခုန်လာပြန်ပြီဗျာ။ဒုက္ခပါပဲ။

YOU ARE READING
My Sweetness Joy [Complete]
Romanceအချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အမှားသာ)💚