"ဗွမ်း"
"ဝါးးး အူးဝူးဝူး"
သင်္ကြန်လည်မယ်ဆိုပြီး ကိုးနာရီထိုးသည်ထိမထတဲ့ ကျွန်တော့်ချစ်သူကြီးကို ဦးဦးဖျားဖျားသင်္ကြန်ရေလေးနဲ့မိတ်ဆက်လိုက်တာပါဗျာ။ဒါကိုမျက်လုံးမဖွင်ဘဲ ဝူးဝူးဝါးဝါးအော်နေတုန်း။
"အားး သူရိန် မင်းဘယ်လိုလုပ်လိုက်တာလဲကွ"
သူရိန်ပြုံးတုံတုံနဲ့
"ရေလောင်းတာလေ ချစ်သူကြီးရဲ့။တော်ကြာသူများတွေအရင်လောင်းကုန်ရင် ကျွန်တော်အူတိုပြီးကျန်ခဲ့ရမှာမို့ အဦးဆုံးလောင်းလိုက်တာ။မွှေးတယ်မလား။ပိတောက်ပန်းလေးတွေပါပါတယ်။"
သူရိန်ကပြုံးစိစိပြောပေမဲ့ မောင်ကတော့ မျက်နှာကြီးနီရဲပြီး ဒေါသတွေတရှုးရှုးထွက်နေ၏။
"မင်းရေလောင်းတာလဲ နေရာကြည့်လောင်းလေ။အခုအကုန်စိုကုန်ပြီ။သွားစမ်း ဒီကော်ဖက်တွေကဘယ်ကပါလာတာ။"
"ဟာ မောင်ရေ အဲ့တာပိတောက်ပန်းတွေဗျ။"
"ဘာပိတောက်ပန်းလဲ။ဘယ်သိကြားမင်းမှ သေးပေါက်မချပေးဘူး။"
"ဟာဗျာ အဲ့တာမို့ အတုထည့်ထားတာပေါ့။"
"ငါ့အိပ်ရာပေါ်ရေစိုကုန်ပြီ။မင်းဘယ်လိုတာဝန်ယူမှာလဲ။"
သူရိန်မျက်လုံးမှေးစဉ်းစားရင်း
"ကျွန်တော်နဲ့အိပ်လေ"
"ဘာ"
"မနေ့ညကကျတော့ ငါနဲ့အတူအိပ်ပြောပြီး ကျွန်တော်က ကျွန်တော်နဲ့အိပ်ဆိုတော့ စိတ်တိုတာပေါ့ ဟုတ်လား။"
"မဟုတ်ပါဘူး။ယောင်သွားလို့ရယ်။"
"မဏ္ဍပ်သွားမယ်ဆို ထတော့။ကိုးခွဲနေပြီ။"
ထိုအခါမှ မျက်လုံးပြူးပြီး ရေချိုးခန်းအမြန်ဝင်တော့သည်။
"မောင်ရေ ရေချိုးမနေနဲ့။ခဏနေလဲရေစိုဦးမှာပဲကို"
ရေသံတဖြောက်ဖြောက်ကလွဲရင် တုန့်ပြန်သံထွက်မလာပါ။
ဆယ်မိနစ်လောက်နေတော့ ရေချိုးခန်းတံခါးကိုခပ်ဟဟဖွင့်ကာ ခေါင်းပြူလာပြီး
YOU ARE READING
My Sweetness Joy [Complete]
Romanceအချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အမှားသာ)💚