Kristလည်း Newwieeပြန်သွားတော့
သူ့အခန်းသူ ပြန်လာရာ.... အခန်းထဲတွင် Bluetooth နဲ့
သီချင်းအကျယ်ကြီးဖွင့်နားထောင်နေတဲ့Singtoကိုတွေ့လိုက်တော့..."ဒီမယ်...ဒီတိုက်ခန်းက မင်းတစ်ယောက်တည်းနေတာမဟုတ်ဘူး..."
"ဘာလို့လဲ ...မင်းက သီချင်းနားထောင်ရတာ မကြိုက်ဘူးလား..."
"မဟုတ်ပါဘူး...ငါလည်း တစ်ခါတစ်လေနားထောင်တယ်...
ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး...ခုပိတ်လိုက်တော့....နားငြီးတယ်...""အေး...ပိတ်လိုက်မယ်....
မင်းအရင် ရေချိုးမလား...ငါအရင် ချိုးရမလား...""ငါက အသန့်ကြိုက်တယ် နေ့တိုင်း ငါအရင်သုံးမယ်..."
"အေး..."
ရေချိုးခန်းထဲမှာ Krist သီချင်းတွေအော်ဆိုတာ
သီချင်းနားထောင်ရတာကြိုက်တဲ့ Singtoတောင်
ငိုချင်စိတ်ပေါက်သွားသည်😅>>>>>
အိမ်အပြန်လမ်းမှာ တစ်လမ်းလုံး Newအိပ်ပျော်နေသည်"New...New...ထတော့လေ...အိမ်ရောက်ပြီ..."
Tayနှိုးနေပေမဲ့ Newမျက်လုံးက ပွင့်မလာသေး....
အဲ့ဒါနဲ့Tayလည်း Newကို ပွေ့ချီပြီး ခေါ်လာခဲ့လိုက်သည်ပုံမှန်ဆို Newက ဆိုဖာပေါ်မှာပဲ အိပ်ပြီး...
Tayကတော့ သူ့ကုတင်ပေါ်မှာအိပ်သည်ဒါပေမဲ့ ဒီနေ့တော့ သူက ဆိုဖာပေါ်မှာအိပ်ပြီး New ကို သူ့ကုတင်ပေါ်မှာ ပေးအိပ်လိုက်သည်
မနက်မိုးလင်းတော့.....
"သား...သားငယ်လေးရေ...ဂျက်ချမထားလို့ မာမီဝင်ခဲ့ပြီနော်..."Tayသူ့မာမီအသံကြားတာနဲ့ ဆိုဖာပေါ်ပေါ်ကနေ ကပျာကယာထပြီး....ကုတင်ပေါ်ပြေးတက်၏
Newလည်း လန့်နိုးလာပြီး မျက်လုံးဖွင့်ကြည့်တော့
Tayရင်ခွင်ထဲရောက်နေမှန်း သိလိုက်ရသည်Newလည်း ဘာလုပ်ရမှန်းမသိတာနဲ့ အိပ်ချင်ယောင် ဆက်ဆောင်နေလိုက်သည်
"အာ...မာမီတို့ ဘယ်တုန်းက ပြန်ရောက်တာလဲ..."
"မနက်5နာရီလောက်က ပြန်ရောက်တာ....သားတို့အဘွား
ဘန်ကောက်က ဆေးရုံကို ရွေ့လာရပြီ..."