New နဲ့ Gun က Stateကျောင်းမှာကတည်းက
အချင်းချင်း လိုက်ပြိုင်နေကြတဲ့ ပြိုင်ဘက်တွေ တစ်နည်းအားဖြင့် ရည်းစားလုဘက်တွေ ဖြစ်သည်
ခု ပြန်တွေ့ကြတော့လည်း"မင်းက P'Tayနဲ့ သူငယ်ချင်းတွေလား..."
"Pappi နဲ့ရည်းစားဖြစ်မှ P'Tayတို့P'Primeတို့နဲ့ ခင်တာ...
သိပ်တော့ မရင်းနှီးပါဘူး...""Aww..."
"New...မင်းကရော...P'Tayနဲ့ ရည်းစားဖြစ်တာ ကြာပြီလား..."
"ဘာလို့မေးတာလဲ..."
"Pappi ပြောတာ ကြားဖူးတာတော့ P'Tayက Loveကို အရမ်းချစ်တာတဲ့..."
"အဲ့တာ အတိတ်က ကိစ္စတွေပါ...ခု P'Tayက ငါနဲ့ လက်ထပ်ပြီးသွားပြီ......"
မထင်မှတ်ပဲ...တဖြည်းဖြည်း လေသံတွေမာလာပြီး
တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းပြောလာကြသည်"ဒါဆို ဘာလို့ ဧည့်ခန်းထဲမှာ...မင်းတို့ မဂ်လာဓာတ်ပုံ ချိတ်မထားတာလဲ...ဒါမှမဟုတ် P'Tayက မင်းနဲ့လက်ထပ်ထားတာ တခြားလူတွေ မသိစေချင်လို့လား..."
"ငါတို့လက်ထပ်ထားတာ လူတကာသိဖို့ လိုလို့လား...ဒါနဲ့ Gun
P'Offအိမ်မှာရော မင်းဓာတ်ပုံချိတ်ထားလို့လား...
မချိတ်ရင်တော့ သူက...မင်းကို တကယ်မချစ်လို့ပဲနေမှာ....""ကပ်သီးကပ်ဖဲ့မပြောနဲ့ New.....
Pappiက ငါ့ဆို အရမ်းချစ်တာ...ငါ့အတွက် ဘာမဆို လုပ်ပေးနိုင်တယ်...""ဒါပေမဲ့ P'Tay...ငါ့ကို ချစ်တာလောက်မှီမယ်မထင်ဘူး..."
"ခု ငါကိုင်နေတဲ့ phoneက Pappiဝယ်ပေးထားတာ..."
"Aww...မင်းက ကြွားမှာတော့ ငါလည်း ပြရသေးတာပေါ့...
ငါ ချက်ချင်းပြန်လာမယ် ခနစောင့်..."Newအပေါ်ထပ်က သူတို့အခန်းထဲ အပြေးသွားပြီး
"ဒီမှာကြည့်...Tayပိုင်သမျှပစ္စည်းတွေ အားလုံး
ငါ့နာမည်နဲ့ လုပ်ပေးထားတာ..."Gunတို့ကလည်း ဘယ်ရမလဲ...မဖြစ် ဖြစ်တဲ့နည်းနဲ့ ပြန်လည်ချေပရတော့တာပေါ့
"အဲ့တာ...အဲ့တာ...အပေါ်ယံတွေ.
တကယ့် အချစ်စစ်နဲ့ချစ်ဖို့က အဓိက...
ဥပမာ-ငါနဲ့Pappiလိုပေါ့..."