Tayလည်း...မနက်မိုးလင်းတာနဲ့ Newကို ခေါ်ပြီး
သူတို့အိမ်ပြန်ပို့ပေးပြီးတာနဲ့ ကုမ္ပဏီသို့ တန်းထွက်လာခဲ့သည်"Tay...နောက်လဆို....ကုမ္ပဏီနှစ်ပတ်လည် ညစာစားပွဲရောက်တော့မယ်နော်...အဲ့ဒီမတိုင်ခင် ငါတို့ရဲ့ ထုတ်ကုန်သစ်....*&%$^&**?-...."
Singto သူရှေ့ရပ်ပြောနေပေမဲ့ Tayအာရုံက Newဆီရောက်နေတာမို့ ဘာမှ မကြားလိုက်
"Tay....Tay...."
Singto စားပွဲခုံကို ပုတ်ပြီး အော်ခေါ်လိုက်မှ"ဟမ်...ငါ့ကို ခေါ်လိုက်တာလား..."
"Tay... မင်းစိတ်တွေ ဘယ်ရောက်နေတာလဲ...အလုပ်ထဲလည်း
အာရုံထားအုံး....""နေ့လည်စာ စားချိန်မရောက်သေးဘူးလား..."
"ခုမှ 10နာရီရှိသေးတာ...Tay မင်း မနက်ကတည်းက
ဘာတွေ ဖြစ်နေတာလဲ...""ဘာမှ မဖြစ်ပါဘူး......ဒီလကုန်အတွက် Projectအသစ်ကို မင်းကို အပ်လိုက်မယ်...ရော့ ဒါ ငါဆွဲထားတဲ့ နမူနာပုံကြမ်း..."
Tayမနေ့ညက ထုတ်ကုန်သစ်အတွက် မူကြမ်းရေးဆွဲထားတဲ့အချက်အလက်တွေ Singtoကို ပေးလိုက်တော့
"မင်းက အလုပ်ဝင်တာမကြာသေးဘူး....ငါ့ထက်ပိုတော်နေတယ်....ဒီလောက်ဆို ဒီကုမ္ပဏီကို ဆက်ခံလို့ရနေပြီ..."
"တော်စမ်းပါ...ငါက မင်းဆီက သင်ယူနေရတာပါ...
ဒီနေ့လည် နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ထမင်းစားဖို့ချိန်းထားတာ...
Singtoမင်းပဲ သွားလိုက်တော့...""ဘာလို့ ငါ ဖြစ်ရတာလဲ..."
"အဲ့တာပြီးတာနဲ့ မင်း အလုပ်ဆင်းလို့ရပြီ..."
အလုပ်စောစောဆင်းရမယ် ဆိုတဲ့အသံကြားမှ ခုနက အိုနေတဲ့ မျက်နှာကြီးက ဖြီးလို့...
"Ok kha...အမိန့်အတိုင်းပါ..."
_
_
_>>>>>
Tay နေ့လည်စာစားဖို့ အိမ်ပြန်လာတော့ Newကိုမတွေ့
"မာမီ Newရော..."
"Earth ဆိုတဲ့ကောင်လေး လာခေါ်သွားတယ်..."
"သူတို့က ဘယ်သွားတာလဲ..."
"မိခင်လောင်းဖခင်လောင်းတွေအတွက် ကလေးထိန်းသင်တန်းရှိတယ်လေ...
မာမီက သားငယ်ကို ခေါ်ဖို့ပြောသေးတယ်....
New လေးက သားငယ် ဒီနေ့အလုပ်ရှုပ်နေတယ်တဲ့
အာ့ကြောင့် သူ့သူငယ်ချင်းနဲ့ပဲ သွားမယ်တဲ့လေ..."