Ep 9 (Uni+Z)

211 31 5
                                    

NaNa(Prime) Tayဆီက Newမူးလဲသွားတယ်လို့ ဖုန်းရတာနဲ့...ဆေးရုံသွားဖို့ ပြင်နေချိန်....အိမ်ရှေ့ကို ကားတစ်စီးရောက်လာခဲ့သည်

ကုကစ် - "P'Prime....P'Prime !!!..."

NaNa - "နင် ဘာကိစ္စရှိလို့ ငါ့အိမ်လာတာလဲ..."

ကုကစ် - "P'Tayနဲ့ကိုကိုနဲ့က ဘယ်လိုဖြစ်တာလဲ..."

NaNa - "Tayနဲ့Newက လက်ထပ်ပြီးသွားပြီလေ...ခုဆို Newက နင်နဲ့ ဘာမ မဆိုင်တော့ဘူး..."

ကုကစ် - "Newက ညီမနဲ့စေ့စပ်ထားတာ...အားလုံးအသိပဲလေ......ခုမှလာပြီး Newမှာ လက်ထပ်ထားတဲ့သူ ရှိပြီးသားတဲ့လား....မရဘူးနော်...အစ်မတို့ ကုကစ်ကို ဒီလိုလာလုပ်လို့မရဘူး..."

NaNa - "ဒါကို လက်မခံချင်လည်း လက်ခံရမယ် ကုကစ်...
Newမှာ Tayနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ..."

ကုကစ် - "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...အစ်မတို့က
ညီမနဲ့Newကို ခွဲချင်လို့ သက်သက်လိမ်နေတာမလား..."

NaNa - "Newမှာ သားအိမ်ပါနေတဲ့အပြင် အကျိတ်တည်လို့ ခွဲထုတ်ပစ်ရမှာ နင်လည်း အသိနော်...ကုကစ်..."

ကုကစ် - "မဖြစ်နိုင်ဘူး ❗ဒါ လုံးဝမဖြစ်နိုင်ဘူး...❗"

NaNa - "နင့်လည်ချောင်းတွေ ကွဲထွက်သွားတဲ့အထိ အော်လည်း...Newက နင့်ဆီ ပြန်မလာတော့ဘူး....သူက Tayနဲ့အတူ ပျော်ရွင်တဲ့မိသားစုဘဝလေးကို
တည်.. ဆောက်.. တော့.. မှာ..."

လိုချင်တာကို မရ,ရအောင် ယူချင်တဲ့ကုကစ်အတွက်...
ဒီလို အကြောခံလိုက်ရတာ မာနထိခိုက်သွားမှာ အမှန်ပါ...
ခုနက စားသောက်ဆိုင်မှာ မပေါက်ကွဲလိုက်ရတဲ့ ဒေါသတွေက
NaNaဆီမှာ စုပြုံကျလာခဲ့သည်

ကုကစ် ....NaNaရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး

"Newကိုပြောလိုက်...ကုကစ်ကို သစ္စာဖောက်ပြီး ပျော်ရွင်ရလိမ့်မယ် မထင်နဲ့လို့...."

"အစ်မ လက်ကို လွှတ်နော်...အစ်မ အရမ်းမာနေပြီ..."

ကုကစ်ရဲ့ မျက်လုံးတွေထဲမှာ ဒေါသတွေ အပြည့်နဲ့ဆိုတာ...NaNaမြင်နေရ၏
ခုချိန်မှာ ကုကစ် သူ့ကို ဘာလုပ်မလဲ မသိနိုင်တာမို့
အားကုန်သုံးပြီး ကုကစ်ကို ဆောင့်တွန်းလိုက်သည်
ပြီးတာနဲ့...နောက်ကိုလှည့်မကြည့်ပဲ...ထိုနေရာကနေ
အမြန်ပြေးထွက်လာခဲ့တော့သည်....
-
-
-
>>>
New မူးလဲတယ် ကြားတာနဲ့...Tayမိဘတွေလည်း ဆေးရုံကို လိုက်လာကြသည်

"ကျွန်တော့်ရဲ့ချစ်သူ" (On Going)Where stories live. Discover now