Chapter(1)(ပ)

5.4K 679 43
                                    

Zawgyi

အပိုင်း(၁)
(တစ်ယောက်ယောက်က ငါ့ကို နောက်ယောင်ခံလိုက်နေတယ်)

ချန်လီကုန်း သူ့မျက်ဝန်းတွေကိုဖွင့်လိုက်တော့ စွတ်စွတ်ဖြူနေသည့်အခန်းကြီးတစ်ခန်းထဲရောက်နေကြောင်းတွေ့လိုက်ရလေတယ်။
အဖြူရောင်ခန်းဆီးတွေ၊အဖြူရောင်ကြမ်းပြင်၊အဖြူရောင်ပရိဘောဂတွေ...အခန်းထဲမှာရှိသမျှအကုန်လုံးက အဖြူရောင်တွေချည်းဘဲ။

ပြတင်းပေါက်ကိုဖြတ်ပြီးဝင်လာတဲ့နေပြောက်တွေက အဖြူရောင်အခန်းထဲ၌ တောက်ပစွာအလင်းပြန်လို့နေပြီး ကြည့်မိသူတိုင်း၏ မျက်လုံးတွေကိုကျိန်းစပ်သွားစေသည်။

ချန်လီကုန်းမှာ သူ့ပတ်ပတ်လည်ရှိအဖြူရောင်တွေကိုကြည့်ပြီး တဖြည်းဖြည်းသွေးလန့်လာတော့သည်။
"ထုန်အာရေ...ဘယ်လိုလူထူးဆန်းရဲ့ကိုယ်ထဲကိုငါပြောင်းလာမိတာလဲဟင်?"

systemက ပျင်းရိစွာဖြေလာသည်။
"ဒေတာတွေကိုဒေါင်းနေတုန်းဘဲ"

Systemရဲ့အဖြေကိုကြားတာနဲ့ ချန်လီကုန်းမှာ ထိုင်မနေနိုင်တော့ဘဲ ရေချိုးခန်းကို ရှာတော့သည်။

ရေချိုးခန်းကိုရှာတွေ့တဲ့နောက်မှာတော့ မှန်ရှေ့သွားပြီး သူဝင်လာမိတဲ့လူရဲ့ပုံသဏ္ဍာန်ကိုစစ်ဆေးကြည့်တော့သည်။
မူရင်းခန္ဓာပိုင်ရှင်မှာ ရမ္မက်ဆန္ဒများနှင့်ကင်းကွာနေသည့်ပမာ တင့်တယ်အေးချမ်းစွာချောမောလွန်းသည့်လူတစ်ဦးဖြစ်သည်။
ဆံပင်များကိုသေနပ်ကျနစွာဖြီးသင်ထားပြီး အင်္ကျီကိုလည်းကြယ်သီးစုံတပ်ထားသည့်အပြင် ဘေးပတ်လည်မှာလည်း "လောကီရေးရာများစိတ်မဝင်စား"ဟူသည့်အငွေ့အသက်များ ပျံ့လွင့်လို့နေသည်။
သို့ပေမယ့် မျက်ဝန်းထောင့်စွန်းမှာရှိနေသည့် မျက်ရည်ခံမှည့်လေးက သူ့ရဲ့စွဲမက်ဖွယ်အလှတရားကိုပို၍ပေါ်လွင်သွားစေသည်။

ချန်လီကုန်းမှာ အမှတ်တမဲ့သူ့မျက်နှာသူထိကြည့်လိုက်ရာ သူ့လက်တွင်အဖြူရောင်လက်အိတ်တစ်စုံဝတ်ထားမှန်းသိလိုက်ရတော့သည်။
"ထုန်အာရေ မပြီးသေးဘူးလားကွ!ငါတကယ်လန့်နေပြီ"

"ပြီးပြီ"

ထို့နောက် ချန်လီကုန်းဟာ မျက်လုံးစုံမှိတ်ပြီး systemဆီမှ ထိုကမ္ဘာ၏ဇာတ်ကြောင်းကိုလက်ခံလိုက်တော့သည်။

အသန့်လွန်ရောဂါရှိဆရာဝန်တစ်ယောက်၏ စုံထောက်ပြဇာတ်(မြန်မာ ဘာသာပြန်)Where stories live. Discover now