Chapter 8(ဒု)End

4.4K 669 64
                                    

Zawgyi

အပိုင်း (၈)အဆက်
(သီချင်းပြီးတော့ လူတွေပြန်)

ချန်ရှင်းကောရဲ့ သွေးရောင်လွှမ်းနေသည့်နှုတ်ခမ်းတစ်စုံဟာ ဖြူဖျော့သွားပြီး စုယွင်ကျီ၏ဘေးမှာဘဲ အရိုးတွေဆွဲထုတ်ခံလိုက်ရသလိုပျော့ခွေကျသွားတော့သည်။

"ယွင်ကျီ....ကလေး?"
ချန်ရှင်းကောက သူ့ရှေ့မှာလဲလျောင်းနေတဲ့ အမျိုးသားလေးရဲ့အမည်ကို တဖွဖွခေါ်လို့နေသည်။
"ဘယ်လိုဖြစ်ရတာလဲ ကလေးရယ်...ကိုယ့်ကိုစောင့်နေဖို့...ကိုယ်သေချာမှာထားတယ်လေကွာ"

ချန်ရှင်းကောက အိတ်ကပ်ထဲမှ လက်စွပ်နှစ်ကွင်းကိုထုတ်ယူလိုက်လေသည်။
နှစ်ကွင်းစလုံးမှာ အမျိုးသားဝတ်တွေဖြစ်ပြီး လက်ရာမှာ အလွန်သေသပ်လှပကာ အထင်ကြီးစရာလည်းကောင်းလှသည်။
စုယွင်ကျီ၏ပင်ကိုယ်စရိုက်နှင့် လိုက်ဖက်လှသည့်ဒီဇိုင်းမျိုးပင်...

ချန်ရှင်းကောမှာ လက်စွပ်ကလေးနှစ်ကွင်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး ဘာပြောရမလဲမသိတော့သလို ဘာဆက်လုပ်ရမည်ကိုလဲမသိတော့ပါပေ။
သူ ယနေ့အချိန်ထိရှင်သန်လာခဲ့ပေမယ့် ချစ်ရသူ၏သေဆုံးမှုအပေါ် မည်သို့တုန့်ပြန်ရမည်ကို ဘယ်သူကမှသင်မပေးခဲ့လေဘူး။

သူ့နှလုံးအိမ်ထဲပရိဒေဝမီးတို့တောက်လောင်နေသည့်တိုင် မငိုကြွေးနိုင်ခဲ့ပေ။
ချန်ရှင်းကောက ခေါင်းကိုငုံ့လိုက်ပြီး ချောင်းဆိုးလိုက်ရာ နီဆွေးဆွေးသွေးတွေ သူ့ပါးစပ်ထဲမှစီးကျလာတော့သည်။ဘေးကသက်တော်စောင့်တွေ ဆရာဝန်ပြေးခေါ်ပြီး အရေးပေါ်ခန်းထဲပို့လိုက်တဲ့အချိန်အထိ မရပ်မနားသွေးအန်နေခဲ့လေသည်။

ချန်ရှင်းကောမှာ သူ၏စိတ်ဝိညာဉ်အား ခန္ဓာကိုယ်ထဲမှအတင်းအကြပ်ဆွဲထုတ်ခံလိုက်ရသည့်နှယ် မလှုပ်ရှားနိုင်တော့ပေ။

စုယွင်ကျီရဲ့သေဆုံးမှုက ဆေးရုံတစ်ခုလုံးတုန်လှုပ်သွားစေသည်။
လူအချို့ကတော့ စုယွင်ကျီသည် ညစ်ညစ်ပတ်ပတ်ကိစ္စတွေလုပ်ခဲ့တဲ့အပေါ် လူသိမှာကြောက်ပြီးသတ်သေသွားတာဟု တိတ်တိတ်အတင်းတုပ်ကြသည်။
တချို့လူကျပြန်တော့ စုယွင်ကျီက သူ့လုပ်ခဲ့တဲ့အပြစ်တွေကို သေခြင်းတရားနဲ့သာ သန့်ရှင်းနိုင်လိမ့်မည်ဟုတွေးမိတာကြောင့် သတ်သေသွားဟုဆိုကြပြန်သည်။

အသန့်လွန်ရောဂါရှိဆရာဝန်တစ်ယောက်၏ စုံထောက်ပြဇာတ်(မြန်မာ ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang