Zawgyi
အပိုင်း(၁)အဆက်
(တစ်ယောက်ယောက်က ငါ့ကို နောက်ယောင်ခံလိုက်နေတယ်)ရဲမေလေးရှောင်ဇဲ့၏မျက်ဝန်းများမှာ ပူပန်မှုကြောင့် ပြူးကျယ်သွားတော့သည်။
"ဒါဆို အဲ့ဆရာဝန်လေးအန္တရာယ်ရှိနေပြီပေါ့!""ဒါတော့ အစ်မလည်းမပြောတတ်ဘူး လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမှမရှိဘဲ...."
ရှောင်ဇဲ့မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။
ချန်လီကုန်းမှာ အမျိုးသမီးဇာတ်လိုက်ကိုတွေ့ပြီး သူမက ခပ်တုံးတုံးအရူးတစ်ယောက် မဟုတ်မှန်းသိလိုက်ရလေသည်။
သူက အနည်းငယ်စိတ်မကောင်းဖြစ်သွားတာကြောင့် systemကိုမေးလိုက်သည်။
"ထုန်အာ လူသတ်သမားကိုဖမ်းဖို့ ငါတို့သူမကိုကူညီပေးရဦးမှာလား?"Systemက ပျင်းတိပျင်းရွဲဖြေ၏။
"ဖြစ်နိုင်ပါတယ်""....ငါ စုံထောက်ကားတွေကြည့်ရတာမုန်းပါတယ်ဆိုမှကွာ"
အထူးသဖြင့် ငါကိုယ်တိုင်က လူသတ်သမားရဲ့ သားကောင်ဖြစ်နေတဲ့အခါမျိုးမှာဆိုရင်ပေါ့....ချန်လီကုန်းက ရဲစခန်းကနေထွက်လာပြီးနောက် အိမ်တန်းမပြန်ဘဲ ဆေးရုံကိုသာတန်းသွားလိုက်သည်။
သူဒီနေ့ ခွဲစိတ်စရာမရှိသော်လည်း ဆေးရုံမှာ လူနာအတော်များနေ၏။
အမှန်ပြောရရင် ချန်လီကုန်းမသွားချင်ဆုံးနေမှာရာ အနှီဆေးရုံပင်ဖြစ်သည်။
ဆေးရုံမှာ အရောင်စုံ၊ဆိုဒ်စုံဘတ်တီးရီးယား အမျိုးမျိုးရှိကာ တစ်ချို့မျိုးစိပ်များဆို သူတစ်ခါမှတောင်မမြင်ဖူးပေ။ချန်လီကုန်းမှာ systemသူ့ကိုသတိပေးစရာမလိုပါဘဲ လက်အိတ်များကိုနာနာခံခံနှင့်ဝတ်လေတော့သည်။
အဲ့ပိုးတွေကို သူ့လက်နဲ့တိုက်ရိုက်မထိတွေ့ချင်ဘူးလေ!ဌာနတစ်ခုထဲမှ ဆရာဝန်တစ်ဦးက သူ့အားမနက်ပိုင်းဘယ်သွားနေသလဲဟုမေးတာကြောင့် ချန်လီကုန်းမှာ ရဲစခန်းသွားခဲ့ကြောင်းဖြေလိုက်၏။
ထိုဆရာဝန်က အံ့အားသင့်စွာမေးလာသည်
"ဒေါက်တာစု ဘယ်လိုဖြစ်လို့ ရဲစခန်းရောက်သွားတာလဲ?"ချန်လီကုန်းက တိုတိုရှင်းရှင်း ရှင်းပြကာ သူ့လုပ်ဖော်ကိုင်ဖက်များကို အပြန်သတိထားသင့်ကြောင်းပါ သတိပေးခဲ့လေတယ်။
KAMU SEDANG MEMBACA
အသန့်လွန်ရောဂါရှိဆရာဝန်တစ်ယောက်၏ စုံထောက်ပြဇာတ်(မြန်မာ ဘာသာပြန်)
FantasiThe perfect destiny၏ arc 6ကိုဘာသာပြန်ဆိုခြင်းဖြစ်သည်။ ✴Complete✴