Zawgyi
အပိုင်း(၂)
မမျှော်လင့်ဘဲ ဖျားနာခြင်းဖုန်းဆက်ပြီးနောက် ရဲအရာရှိများက ချက်ချင်းရောက်လာသည်။
ရောက်လာသည့် အရာရှိများမှာ တခြားသူမဟုတ်ပေ။ဇာတ်လိုက်အမျိုးသမီး ရွှီရှောင်တုနဲ့ ချန်လီကုန်း၏တိုက်ခန်းသို့ အရင်တစ်ခါလာခဲ့ဖူးသည့် ရဲသားငယ်လေးတို့ဖြစ်လေတယ်။
သူတို့က ချန်လီကုန်းထံမှဓာတ်ပုံများကိုစစ်ဆေးကြတော့သည်။ရွှီရှောင်တုမှာ ဓာတ်ပုံကိုကြည့်နေရင်းကနေ တဖြည်းဖြည်းမျက်မှောင်ကြုပ်လာတော့သည်။
"ရှင့်အိမ်ကိုပါစစ်ဆေးဖို့လိုလိမ့်မယ်"ချန်လီကုန်းမှာ ပင်ပန်းသလိုခံစားနေရပြီး ဒေါသထွက်လို့လည်းနေသည်။
"ကောင်းပါပြီ"ဒီကိစ္စက မျက်ကွယ်ပြု ပြီးနေလို့မရတာကြောင့် ချန်လီကုန်းမှာ နောက်ထပ်နေ့တစ်ပိုင်းခွင့်ယူလိုက်ရပြီး ထိုအရာရှိနှစ်ဦးကိုသူ့အိမ်သို့ခေါ်လာလိုက်တော့သည်။
ဌာနရှိဆရာဝန်များက ဘာဖြစ်သွားမှန်းမသိကြပေမယ့် ရဲတွေပါလာမှတော့ ကောင်းတဲ့ကိစ္စမဖြစ်နိုင်မှန်းရိပ်မိကြလေသည်။
စာအိတ်ယူလာပေးသည့်သူနာပြုအုပ်ကြီးက ချန်လီကုန်းကို စိုးရိမ်တကြီးကြည့်ပြီး မေးတော့သည်။
"ဒေါက်တာစု...ဟိုစာအိတ်ကတစ်ခုခုမှားနေလို့လား?"ချန်လီကုန်းက သူမကို အနိုင်နိုင်ပြုံးပြလိုက်၏။
"မဟုတ်ပါဘူးဗျာ""ရှင်....အဆင်ပြေရဲ့လား?ရှင့်ပုံစံကြည့်ရတာ အဆင်ပြေတဲ့ပုံမပေါ်ဘူးနော်..."
"တကယ်ဘာမှမဖြစ်ပါဘူး ဆရာမရယ် ကျွန်တော်နဲနဲပူနေလို့ပါ"
ဆေးရုံဒါရိုက်တာက ခွင့်ပေးလိုက်တာနဲ့ ချန်လီကုန်းက အရာရှိနှစ်ဦးကိုသူ့အိမ်သို့ခေါ်သွားလိုက်တော့သည်။
ရွှီရှောင်တုက ချန်လီကုန်းရဲ့အနောက်ကိုလိုက်နေတဲ့လူမှာ ချန်လီကုန်းကိုအန္တရာယ်မပေးဘဲ တိတ်တိတ်လေးစောင့်ရှောက်ပေးနေတာဟူ၍ပင် သံသယဝင်မိသေးသည်။
သူမတို့ ရဲတွေလွှတ်ပြီး ဖမ်းဖို့်ကြံလိုက်ရင် ထိုသူကပျောက်သွားပြန်ရော။
ချန်လီကုန်းက ဒီလိုအရာတွေနဲ့ပတ်သတ်ပြီး ဘယ်တော့မှဟာသလုပ်လိမ့်မည်မဟုတ်ကြောင်း သူမ သိလို့သာပေါ့ သိများမသိရင် ထိုမျက်နှာဖုံးနှင့်လူက လူစင်စစ်မဟုတ်ဘဲ ဆရာဝန်လေးရဲ့အတွေးစိတ်ကူးသက်သက်သာဖြစ်သည်ဟု လက်ခံမိမှာပင်။
CZYTASZ
အသန့်လွန်ရောဂါရှိဆရာဝန်တစ်ယောက်၏ စုံထောက်ပြဇာတ်(မြန်မာ ဘာသာပြန်)
FantasyThe perfect destiny၏ arc 6ကိုဘာသာပြန်ဆိုခြင်းဖြစ်သည်။ ✴Complete✴