Zawgyi
ကဲ ပြန်တွေ့ကြပါမယ်။
____♥♥♥____
Unicode
နောက်ဆုံးတော့ ပြီးသွားပါပြီ။
ဒီဝတ္ထုက ကိုယ့်အတွက်စိန်ခေါ်မှုကြီးတစ်ခုလိုပါဘဲ။အရင်ဝတ္ထုတုန်းက တစ်ပိုင်းမှာ စာလုံးရေအများဆုံးမှ ရှစ်ထောင်၊ကိုးထောင်ဘဲရှိတာပါ။
အဲ့တုန်းက စာလုံးရေရှစ်ထောင်ဆိုရင် များလှပြီထင်နေတာ ခုဝတ္ထုနဲ့ယှဉ်ကြည့်ကာမှ အတော်လေးနည်းမှန်းသိတော့တယ် T^TဒီArcက perfect destiny မှာကိုယ်အကြိုက်ဆုံးပါ။
မှတ်မှတ်ရရ ဒီဇာတ်သိမ်းပိုင်းက အတော်လေးအချိန်ယူပြီးပြန်ခဲ့ရတဲ့အပိုင်းပါ။နည်းနည်းရေးလိုက် ငိုလိုက်၊နောက်ဆုံးအပိုဒ်ကိုဘာသာပြန်တော့ ရင်ထဲလေးလေးကြီးကျန်ခဲ့ပါတယ်။
ပြန်ဖတ်တိုင်းလည်း ဆို့နင့်ပြီးငိုရပါတယ်။
အားလုံးရဲ့ရင်ထဲကို နင့်နင့်သည်းသည်းခံစားချက်တစ်ရပ်မပို့ပေးနိုင်မှာအရမ်းစိုးပါတယ်။
ဒီဘာသာပြန်လေး အရသာပေါ့သွားပါက ဘာသာပြန်တဲ့ကိုယ်အသုံးမကျလို့ဖြစ်ပြီး ရင်ထဲနေရာတစ်ခုယူသွားနိုင်ပါက မူရင်းရေးသားသူရဲ့လက်စွမ်းအာဘော်ကြောင့်သာဖြစ်ပါတယ်။နောက်arcတွေဆက်ပြန်ရမလားဆိုတာတော့ ကိုယ်လဲမဆုံးဖြတ်ရသေးပါဘူး။အားလုံးသိကြတဲ့အတိုင်း ဒီPDက အစပိုင်းမှာပေါ့ပေါ့ပါးပါးရှိသလောက် ဇာတ်သိမ်းကျရင်တော့ ရင်ဝစောင့်ကန်တော့တာပါဘဲ။
ဒါကြောင့် တခြားHEအချိုလေးတွေဘက်လှည့်ရမလားစဉ်းစားနေတုန်းပါဘဲ။
PDမှာဘဲ မျက်စိကျထားတဲ့ နောက်Arcတစ်ခုတော့ရှိပါတယ်။Zombie arcတွေဆိုတကယ်ကောင်းတာပါ ကိုယ်တော့မကိုင်ရဲပါဘူး ရှည်လွန်းလို့ပါ ဟဟ။
ကဲ ပြန်တွေ့ကြပါမယ်။
____♥♥♥____
YOU ARE READING
အသန့်လွန်ရောဂါရှိဆရာဝန်တစ်ယောက်၏ စုံထောက်ပြဇာတ်(မြန်မာ ဘာသာပြန်)
FantasyThe perfect destiny၏ arc 6ကိုဘာသာပြန်ဆိုခြင်းဖြစ်သည်။ ✴Complete✴