Chapter 3(ဒု)

3.5K 600 61
                                    

Zawgyi

အပိုင်း(၃)အဆက်
သတင်းနဲ့ပစ္စည်းဖလှယ်ကြမယ်

ဒီလအစပိုင်းမှာဘဲ နောက်ထပ်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့လေသည်။
ပြည်သူလူထုမှာ ပို၍ပင်အလန့်တကြား ဖြစ်ကုန်ကြပြီး၊ ရဲအရာရှိများ၏ သောကဖိစီးမှုတို့မှာလည်း အထွဋ်အထိပ်သို့ရောက်ရှိသွားကြတော့သည်။

ထိုအချိန်မှာဘဲ အသတ်ခံလိုက်ရသည့် နစ်နာသူ၏သတင်းအချက်အလက်များမှာ အင်တာနက်စာမျက်နှာများထက် ပျံ့နှံ့လာတော့သည်။

ဤနှစ်ဝက်အတွင်း အသတ်ခံရသူများ၏ ပျမ်းမျှအရေအတွက်မှာ တစ်လလျှင်အနည်းဆုံး သုံးယောက်အသတ်ခံရ၏။
လူတစ်ယောက်က ထိုအသတ်ခံရသူများအားလုံး၏ သတင်းအချက်အလက်များကို အင်တာနက်စာမျက်နှာထက်တွင် ရေးသားဖော်ပြလာသည်။
ထို့အပြင် နစ်နာသူများ မသေခင်ပြုလုပ်ခဲ့သည်များကို ပါဖွင့်ချပြလာသည်။
ဤအချင်းအရာကိုကြည့်ခြင်းဖြင့် ထိုသူမှာ ကောင်းစွာပြင်ဆင်ထားသည့်ပုံပင်။

ပထမတော့ ပြည်သူလူထုက သေဆုံးသူများကိုစော်ကားသည်ဟု ယူဆပြီးဒေါသထွက်ခဲ့ကြလေသည်။
သို့ပေမယ့် နစ်နာသူများ မသေခင်ပြုလုပ်ခဲ့သည့်ကိစ္စများအကြောင်းရေးသားထားသည့် ပို့စ်ကိုဖတ်ရှုလိုက်ကြရပြီးနောက် လူသတ်သမားကိုပင်စတင်ပြီးချီးကျူးလာကြတော့သည်။

ရွှီရှောင်တု ချန်လီကုန်းကိုပြောပြခဲ့သည့်သတင်းအချက်များမှာ အမှန်ပင်ဖြစ်သည်။အသတ်ခံရသူများအားလုံးမှာ လိင်တူချစ်သူများဖြစ်ကြသည်။
ထို့အပြင်သူတို့က သူတို့မှာHIVအကူးခံရမှန်းသိပြီးနောက် မကောင်းသောရည်ရွယ်ချက်ဖြင့် တခြားသူများနှင့်လိင်ဆက်ဆံကြတော့သည်။

သူတို့ထဲကတစ်ယောက်ကဆို သူ့ဇနီးနဲ့ကလေးကိုပါ ကူးစက်စေခဲ့သည်။

ထိုသတင်းများကိုမြင်ပြီးနောက် ချန်လီကုန်းမှာ သူ့တစ်ကိုယ်လုံးကသွေးတွေ အေးခဲသွားကြောင်းခံစားလိုက်ရတော့သည်။

ပြည်သူလူထု၏ စိတ်ခံစားချက်များမှာ လှုံ့ဆော်ခံလိုက်ရပြီး နာရီအနည်းငယ်အတွင်းမှာဘဲ အင်တာနက်ပေါ်ရှိ စာနာသနားသံများမှာပျောက်ကွယ်သွားကြတော့သည်။ထိုအစား ပြစ်တင်ကျိန်ဆဲသံများက ကောင်းကင်ယံနှင့်မြေကြီးတစ်ခွင်လုံးကိုဖုံးလွှမ်းသွားတော့သည်။

အသန့်လွန်ရောဂါရှိဆရာဝန်တစ်ယောက်၏ စုံထောက်ပြဇာတ်(မြန်မာ ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang