မိုးကောင်းကင်တစ်ခွင်တွင် လျှပ်စီးတန်းကြီးများ
နေရာယူလျက်ရှိသည်။
အလင်းသည် မှောင်ဝေရီတိမ်တိုက်တွေကြား လျှပ်တစ်ပြက် ထိုးခွင်းရင်း၊
မိုးချုန်းသံများ တခြိမ်းခြိမ်းဟိန်းထွက်လို့နေသည်။
ကောင်းကင်တမန်တော် အကြီးအကဲ မိသားစုများမှ ဆူညံသံများနှင့် အခြွေရံတော်တို့၏ ဆုတောင်းသံ အပေါင်းမှာ လှိုက်လှဲစွာရှိနေ၏။နန်းဆောင်အပြင်ဘက်ရှိ အဝေးတစ်နေရာအထိပင် ကောင်းကင်ဘုံ၌ ထိုဆုတောင်းသံများအား ကြားယောင်နိုင်ပါသည်။ဒုန်းးးး... !
အရှိန်ဟုန်ပြင်းစွာ အားကောင်းကျယ်လောင်သည့်
မိုးခြိန်းသံကြီးအဆုံး။ ရုတ်တရက်ဆိုသလို
နန်းဆောင်တော်အတွင်းဆီသို့ နက္ခတ်ကြယ်တာရာတစ်စင်း ကြွေလွင့်လာသည်ကို အားလုံးတွေ့မြင်ကြရ၏။လာရောက်ကောင်းချီးပေးကြသည့်
တမန်တော်များနှင့် အခြွေရံတော်များသည် သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်တစ်ခုအား မယုံကြည်နိုင်လှစွာ အင်အားသင့်နေကြသည်။တမန်တော်ဆုတောင်းပွဲမှ တီးတိုးသံများမှာ
ငြိမ်သက်စွာပင်..အထိန်းကွပ်မရှိပေ။"အဲ့တာသွေးကြယ်တော်မလား !?.."
"မဖြစ်နိုင်တာ......''
ကောင်းကင်ရဲ့သံတမန်တော်သခင်လေး တောင်းခံမွေးဖွားသည့်အချိန်တိုင်း ကြယ်တာရာကြွေလွင့်သည်မူမှာ ပုံမှန်ဖြစ်ရပ်တစ်ရပ် ဖြစ်ပေသည်။ယခုအခါတွင် အားလုံးအတွက် အံသြဖွယ်ကောင်းနေရခြင်းမှာ ယခုကြွေလွင့်လာသော ကြယ်တာရာသည်သာမန်ကြယ်တာရာတစ်ခုမဟုတ် ။
"ဟွမ်တလာ "၏ နှလုံးသားဟူ၍ ဒဏ္ဍရီလာဖော်ကျူးပြောဆိုမှုများစွာနှင့် နတ်ဘုရားတို့၏ အမျိုးစုံသောရာဇာဝင်များ ချည်နှောင်ခြင်းကိုအခြေခံထားသည့် စကြာဝဠာ၏ တစ်ခုတည်းသော " သွေးကြယ်တော်'' ဖြစ်ပေသည်။
၎င်းမှာ တမန်တော်များ တန်ဖိုးထားရာဖြစ်ပြီး စောင့်ရှောက်သူများစွာ ထားရှိခြင်းခံရသည့်
"ကောင်းကင်ဘုံ၏ အလင်းရောင်ရတနာ "ပင် ။
ကြယ်တာရာသည် ဖြေးညှင်းစွာဆင်းသက်ရင်း
နန်းဆောင်ထဲမှ ဆုတောင်းပွဲပြုလုပ်တောင်းခံသူသခင်ကြီးရူးလ်ဆီသို့ ဦးတည်တန်းမတ်စွာ သွားနေ၏ ။
YOU ARE READING
The Grey ( On going )
Romance!!ဟေ့ကောင်တွေရေ ဟိုပိစိကောင်လေးဆီ ငါ့နှလုံးသားပါသွားပြီ... !! သုဝင်န်ဖိန်းလ်.....။ !!ဟေ့ကောင်တွေရေ ဟိုပိစိကောင်လေးဆီ ငါ့နှလုံးသားပါသွားပီ... !! သုဝင်န်ဖိန်းလ်.....။