Part_5

75 8 0
                                    

ခေါင်းတွေပူထူနေပြီး အိမ်ပြန်တဲ့တစ်လမ်းလုံး
ဟေရောင်တစ်ယောက်ထဲ ယောက်ယှက်ခက်နေခဲ့သည်။
ကိုယ့်အတွေးနဲ့ကို အစောင့်တွေရှေ့ခပ်တည်တည်ဖြင့်
ဟေရောင် အိမ်တော်ထဲတန်းဝင်လာလိုက်၏။

" အဟမ်း.. အဟမ်း "

" ဟေရောင်ငယ်... မင်းလာစမ်းပါဦး "

ဟိုက်... သေစမ်း!

ဟေရောင့်ကို စီးကြိုလိုက်တဲ့ ဒယ်ဒီ့အသံမှာ
အေးဆေးနေပင်မယ့် အရိပ်ယောင်များကတော့
မကောင်းပါ။

ဧည့်ခန်းမမှာ ထိုင်နေရင်း အေးစက်စွာ ကြည့်နေပြီး...

" လာဦးလို့ ငါပြောနေတယ်လေ!!!! "

ဦးငယ်နောင်ထွန်း အော်လိုက်တာကြောင့်
ဘေးနားက ရပ်နေသည့် သူ့လူနှစ်ယောက်က‌တောင်
ပုခုံးပင်တွန့်ကာ လန့်သွားကြသည်။

" ဟုတ်.. လာပါပြီဗျ "

" မင်းဘယ်အချိန်ထိ ဒီလိုတွေ လုပ်နေဦးမှာလဲ
ဟေရောင်ငယ် ... "

" စောင့်ကြည့်နေတဲ့ မျက်လုံးတွေအများကြီး
ရှိနေတာလေ။ အခက်မသင့်ရင် ကိစ္စတွေ ရှုပ်ထွေးသွားနိုင်တယ်ကွ..."

" ဒယ်ဒီကလဲ သတိပေးချက်စနစ်ကို ကျွန်တော်ပဲ
နှိပ်ပေးခဲ့တာ။ နောက်ပြီးအန္တရာယ်မဖြစ်နိုင်တဲ့အနေအထားမှန်း ကျွန်တော်သိတယ်လေ။
ဟိုတယ်တစ်ခုလုံး ပြာကျသွားလဲ ဘာအရေးရှိလို့လဲ ...ဒယ်ဒီ့အတွက် အသေးအမွှားလေးပဲဟာ "

" မဟုတ်လဲ နိုင်ငံရဲ့နံပါတ်တစ် ဝန်ကြီးချုပ်
ဦးငယ်နောင်ထွန်းရဲ့သားက ကမြင်းပြီးဟိုတယ်ကို ‌မီးရှို့ခဲ့တာပါလို့ ဖြန့်လိုက်‌ပေါ့။ ကျွန်တော်ကအေးဆေးပဲ‌နော် ပြီးကြရင် ဒယ်ဒီသာ ..... "

တိတ်စမ်း! ဟေ့ရောင်ငယ် !!!

"အဖေမေးနေတာကို ဒီလိုပုံစံနဲ့ ပြန်ပြောရလား "

" မင်း!! "

" ငါက ဒီဟိုတယ်လေးတစ်လုံး ပြာကျသွားမှာကို ဂရုစိုက်နေတယ်များ ထင်နေလား "

" မင်းအကြောင်းကို ပြောနေတာလေ ဟေရောင်ငယ်...မင်းကိုပြောနေတာ!"

" တစ်ယောက်ထဲအပြင်မှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ "

" ဘာမှမဖြစ်ပါဘူးဆိုနေ ! "

The Grey ( On going )Where stories live. Discover now