Part _2

126 15 6
                                        


တမန်တော်နန်းဆောင်တော်များနှင့် အတော်လေးအလှမ်းဝေးပြီး တိမ်စိုင်ခဲတွေအကြား လာနေကျ
လမ်းကြောင်းအတိုင်း ဖိန်းလ် တဖြည်းဖြည်း ရှေ့ဆက်လှမ်းသွားသည်။
ထို့နောက် နတ်မြူမျှင်တွေကြား အပူရှိန်လျှော့နည်းလာကာ ကောင်းကင်ဘုံ၏ ကျွန်းငယ်တစ်ခုလို
နေရာမျိုးကို ထင်ရှားစွာတွေ့လာရ၏။

ထိုကျွန်းငယ်တွင် နတ်ပန်းပင်ကြီးများနှင့် သက်ရှိသစ်နွယ်ပင်ကြီးများသည် နှစ်ထောင်ချီသက်တမ်းရှိ ဘုရားကျောင်းအိုကြီးတစ်ခုအား ဝန်းရံဖုံးကွယ်ထားသည်။
ဤနေရာရှိ မြူများသည် သက်ရှိများမြူများဖြစ်ကြ၏။ အမြင်ကို ဝေဝါးစေပြီး သူတို့ရဲ့ လှည့်စားနိုင်စွမ်းကြောင့် ဒီနေရာသည် ကောင်းကင်ဘုံ၏ အပျက်စီးများစွာနှင့် ပျောက်ကွယ်နေရခြင်းဖြစ်ပေမည်။

ဘယ်သူမှ ဒီဘာမှန်းမသိ ဝေဝါးတည်ရှိနေသည့် တိမ်စိုင်မြူတွေဆီလာပြီး အကြောင်းမဲ့ လမ်းပျောက်မနေချင်မှာတော့သေချာသည်ပင်။
ပြသာနာတွေ လုပ်ပြီးတိုင်း မကြာခဏလာတတ်ကြသည့် ဖိန်းလ်၊ အမြွှာနှစ်ယောက်နှင့် ကူးနီတို့တွေကတော့ လေးယောက်သား လုပ်ချင်ရာလုပ်လို့ရတဲ့ကိုယ်ပိုင်ဆုံရပ်တစ်ခု အဖြစ် ထိုနေရာအားသတ်မှတ်ထားကြသည်။

ဖိန်းလ်တို့အုပ်စု ကလေးအရွယ်လောက်တုန်းက
နတ်ဘုရား "ဖန်ဖန်"၏ အလစ်မှာ သူရဲ့‌မှော်ပစ္စည်းတစ်ခုအား ဟိုဘက်ဒီဘက် လွှဲပစ်ကာ ဆော့ကစားကြဖူးသည်။
ထိုအချိန်တွင် ဂုဏ်ပြုခြင်းအထိမ်းမှတ် 'မီဂါတာနတ်ဘုရား' ရုပ်တုတော်ကြီးကို ထိခိုက်မိကာ ဦးခေါင်းတစ်ခြမ်း ကျေမွသွားရသည်။
အဲ့သည့်ပြသာနာကြောင့် စောင့်ရှောက်သူများကိုပုန်းဖို့ပြေးလွှားရင်း အမှတ်မထင် ဒီနေရာကို ဖိန်းလ်တို့
ရှာတွေ့ခဲ့မိခြင်းဖြစ်သည်။ သက်ရှိမြူ‌များသည် ထူးဆန်းလှစွာ ဖိန်းလ်တို့လေးယောက်၏ အမြင်အား ဘာကြောင့်မှန်းမသိ မလှည့်စားယူနိုင်ကြချေ။

"နောက်ကျလိုက်တာ.. ငါတို့နင့်ကို မျှော်နေတာကြာပြီဟဲ့ "

'စလင်း'ရဲ့ စိတ်မရှည်စွာ အော်သံမှာစူးခနဲပင်ဖြစ်သည်။

The Grey ( On going )Where stories live. Discover now