ဝှီး~~~
ရွတ် !...ရွတ် ! .. ရွတ် !
တစ်ပြိုင်နက် ပြစ်လွှတ်လိုက်သော
ဖိန်းလ်ရဲ့မြှားသုံးစင်းမှာ လေညင်း၏ရိုက်ချက်တစ်ခုလို သစ်ပင်အိုကြီးတည့်တည့်က ပစ်မှတ်နေရာဆီ
အလျင်းပင် ဖောက်ဝင်သွားသည်။
ယခုမှာ... ဆုံနေကျဘုရားကျောင်းအိုကြီးရှိသည့်
နေရာဆီ ဖိန်းလ်တို့ရောက်နေကြတာဖြစ်၏။" ပြစ်ချက်တွေကြမ်းနေပါလား...ငါ့ကောင် "
ကူးနီက သူ့အနောက်က အပေါ်ပိုင်းပြိုကျထားသည့် တိုင်လုံးကြီးကို မှီရပ်နေရင်း ယမကာခွက်ကိုတစ်ချက်မော့လိုက်သည်။
" ဒါက ပြစ်ချက်လို့တောင်.. မခေါ်ဘူး "
ဖိန်းလ်သည် အနည်းငယ်ပြုံးလိုက်ပြီး မြှားတစ်စင်းကို လေးသွားပေါ်တွင် နေရာချလိုက်၏။
သတ်မှတ်ထားသော ပစ်မှတ်တည်နေရာဖြစ်သည့်
သစ်ပင်အိုကြီး၏ဘေးဘက်ရှိ အနည်းငယ်လှမ်းသော
နေရာတ္ငင် စားပွဲတန်းရှည်ကြီးတစ်ခုရှိပြီး...
ထိုအပေါ်၌ 'စလိုဏ်း' မှာထိုင်နေလျက်ရှိသည်။စလိုဏ်းသည် သူ၏ရွှေဖဲချပ်တွေကို တစ်ချက်ချင်းစီ
ကြည့်နေ၏။ ဖဲချပ်ကတ်တွေကို လက်နှစ်ချောင်းကြား ဟိုဘက်ဒီဘက်လှည့်ပြီး လှုပ်ရှားစေကာ...
သူ့ရဲ့တိုက်ခိုက်မှု၊ ဟန်ပန်လက်အနေအထားကို
အရှိန်ယူချိန်စနေခြင်းဖြစ်သည်။" လှည့်စားမှုလေးတစ်ခုကိုပြပေးမယ်..ကူးနီ "
ဖိန်းလ်သည် စလိုဏ်းကိုကြည့်လိုက်ရင်း ...
မြှားဦးအား ကိုယ်နှင့်တစ်သားတည်း ချိန်ရွယ်ကာ ပြစ်လွှတ်လိုက်၏။ ထိုသည်မှာ ပစ်မှတ်မဟုတ်တဲ့ ပစ်မှတ်နေရာသို့ပင်ဖြစ်သည်။ရွတ်..!!
ဟေ့ကောင် ဖိန်းလ် !!
ဖိန်းလ် ပြစ်လိုက်သည်နှင့်တစ်ပြိုက်နက် ကူးနီ ရုတ်တရက်လန့်သွားရပါသည်။ ကူးနီ စလိုဏ်းကို လှမ်းကြည့်လိုက်တော့ ဘာမှဖြစ်တာမတွေ့ရ။
သတောင်းစားက သူ့ရဲ့ဖဲချပ်တွေနဲ့ အလုပ်ရှုပ်ကာအေးအေးဆေးဆေး နေမြဲအတိုင်းပဲဖြစ်သည်။
ဒါဆို ဖိန်းလ်ပြစ်လိုက်တဲ့ မြှားချက်က လွှဲသွားခဲ့တာများလား...

YOU ARE READING
The Grey ( On going )
Romance!!ဟေ့ကောင်တွေရေ ဟိုပိစိကောင်လေးဆီ ငါ့နှလုံးသားပါသွားပြီ... !! သုဝင်န်ဖိန်းလ်.....။ !!ဟေ့ကောင်တွေရေ ဟိုပိစိကောင်လေးဆီ ငါ့နှလုံးသားပါသွားပီ... !! သုဝင်န်ဖိန်းလ်.....။