အကျိုးနဲစွာ တွေ့ဆုံခြင်း
လမ်းဘေးက ဝက်သားထုတ်ထိုးဆိုင်လေးမှာ
ဟေရောင်ဗိုက်တင်းအောင် အငမ်းမရစားပြစ်ခဲ့သည်။ထို့နောက် ရေခဲမုန့်လေးစားကာ အရသာခံရင်း..
ပွဲအတွက် ဝတ်စုံပြည့်ဝတ်ထားတာတောင် လမ်းကို ခုန်ဆွခုန်ဆွလုပ်ကာ ဟေရောင်လျှောက်နေသေး၏။
ရေခဲမုန့်ရဲ့ အေးမြတဲ့ ချောကလက်အရသာ
ဆိမ့်နစ်ဝင်မှုသည် လျှာဖျားပေါ်တွင် နှစ်သက်ချိုမြိန်မှုအပြည့်ဖြင့် လူကိုပျော်သွားစေသလိုမျိုး
ခံစားရသည်။" ချောကလက်အိုင်ခွင်က အကောင်းဆုံးဘဲ..အာဟ! "
လမ်းမတန်းတစ်လျှောက် စျေးသည်မျိုးစုံ
စုံလင်နေပြီး တစ်ချို့ဆိုင်လေးတွေရဲ့
အလှမီးလုံးများမှာ တောက်ပစွာလင်းထိန်နေ၏။
အသီးသီးရောင်းချသည့် အစားအသောက်တွေကို ခင်းကျင်းထားကြပြီး တိုးဝှေ့လာတဲ့ အနံ့လေးတွေကိုက အကုန်လုံးကို စားချင်နေရတော့တာပဲ ဖြစ်သည်။တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့လေကို
အပြည့်အဝခံစားရင်း၊ နားကြပ်လေးတပ်ကာ သီချင်းသံဖြင့် တစ်ယောက်ထဲ သာယာပြီးမိုက်နေရောပဲ။" ဟေး လာကြည့်ပါဦး "
" ဒီမှာ လူတစ်ယောက် ဘာဖြစ်တာလဲမသိဘူး"
အော်သံတစ်ချို့ဆူညံနေကြပြီး
အသံလာရာဘက်မှာ လူတစ်ချို့ ဝိုင်းနေကြသည်။
ဟေရောင့်ရဲ့ စူးစမ်းချင်စိတ်ဆိုသည်မှာလည်း
ဘာများလဲဆိုပြီး အဲ့ဒီအနားကိုတန်းရောက်သွားကာ
တိုးကြည့်မိသည်။မိုးရွာထားသဖြင့် ပလက်ဖောင်းနံဘေးတွင်
ရေတွေအိုင်နေပြီး ရွံ့ရေတွေကြား
လူတစ်ယောက်မှာ လူးလှိမ့်နေတာဖြစ်သည်။
ထိုလူသည် ထူးဆန်းစွာ တိရစ္ဆာန်လို လေးဘက်ထောက်အနေထားနှင့် 'ဝက်တစ်ကောင်'လိုမျိုး အသံပြုအော်ကာ အန်ချလိုက်သည်။
ထို့နောက် သူ့ရဲ့အန်ဖတ်များကို သူကိုယ်တိုင်ပင်
ပြန်ပြီး လျက်စားနေ၏။ချီး!ဘယ်လိုတောင် !!
ကြည့်နေရင်းဖြင့်ပင် အစောလေးမှ အားရပါးရစားခဲ့သည့် ဝက်သားထုတ်ထိုးများကို ဟေရောင်မျက်လုံးထဲ တဖြည်းဖြည်းမြင်ယောင်လာမိသည်။

YOU ARE READING
The Grey ( On going )
Romance!!ဟေ့ကောင်တွေရေ ဟိုပိစိကောင်လေးဆီ ငါ့နှလုံးသားပါသွားပြီ... !! သုဝင်န်ဖိန်းလ်.....။ !!ဟေ့ကောင်တွေရေ ဟိုပိစိကောင်လေးဆီ ငါ့နှလုံးသားပါသွားပီ... !! သုဝင်န်ဖိန်းလ်.....။