Part_6

46 2 0
                                        

                      ဒီအတိုင်းလေးပဲနေပေးပါ

"ကျွန်တော်မသောက်ချင်ဘူးလို့ ပြောနေတယ်မလား"

" အကိုလေး...အဲ့လိုလုပ်လို့မရပါဘူး။
ဆေးသောက်ရပါမယ်နော်.."

အငြိမ်းမှာ ဟေရောင်‌မသောက်မချင်း
အနားကနေထွက်သွားမဲ့ပုံ မပေါ်ချေ။

မနက်ကလဲဟေရောင် သောက်ထားခဲ့ပြီးပြီဟာကို
အခုလဲထပ်လာတိုက်ကြပြန်ပြီ ဖြစ်​သည်။
တစ်နေ့တနေ့ ဟေရောင်ဆေးသောက်ရတဲ့
အကြိမ်ရေက တိုးတိုးလာပြီး ဆေးအလုံးရေမှာလဲ လျှော့မသွားသည့်အပြင် မသိမသာပိုပိုတိုးလာသေး၏။ ‌

ဟေရောင်က နည်းနည်းလောက်လေးတောင်
အအေးမခံနိုင်ဘဲ အဖျားကြီးတတ်သူဖြစ်သည်။
ရောဂါအမည်ရှာမရဘဲ  ဟေရောင့်ရဲ့
ခန္ဓာကိုယ်အပူချိန်ကိုက လူတစ်ယောက်မှာ
ရှိသင့်သည့် အပူချိန်ထက် ပုံမှန်အားဖြင့်
အတော်လေးကို များနေတာဖြစ်၏။
အအေးမိသွားလို့ ကိုယ်အပူချိန်အရမ်းမြင့်တက်
သွားတိုင်း ဟေရောင့်အတွက် ပြသာနာရှိလာနိုင်တာမို့
အမြဲအားအင်အပြည့်ရှိ‌အောင် ထိုဆေးများကို သောက်နေရခြင်းဖြစ်သည်။
တကယ်ကို..စောက်ကျိုးနဲမှု အဖြာဖြာတည်း။

" မသောက်ဘူး မသောက်ဘူးလို့ ...
အကုန်ဆွဲလွှတ်ပစ်မိတော့မယ် အငြိမ်းရာ "

" ဟေရောင်ငယ်!. "

ဦးငယ်နောင်ထွန်း အစည်းဝေးကိုသွားခါနီးဖြစ်ပေမဲ့ ထုံးစံအတိုင်း ဆေးတိုက်ရင် အော်ဟစ်နေသော
သားတော်မောင်ကို ပြောဆိုရဦးမည် ဖြစ်သည်။

" မင်းဘာလို့ ဆေးသောက်စရာရှိတာ မသောက်ဘဲ
အမြဲဆူညံနေရတာလဲ ငယ်လေး"

" ကျွန်တော်‌ဒီအရေးမပါတဲ့ဟာတွေ မသောက်ချင်ဘူး "

" မသောက်လို့မဖြစ်တာမင်းသိတယ်နော်...
အခုငါ့ရှေ့မှာသောက်ရမယ်...အခုသောက် "

" လုံးဝပဲ !!"

" ဟေရောင်ငယ်! မင်းစောက်ချိုးကိုပြင်စမ်း "

"ကျွန်တော့်ကို လာမစမ်းနဲ့ဒယ်ဒီ... ကျွန်တာ်
သောက်ချင်ရင် သောက်မယ်။ မသောက်ချင်ရင်
မသောက်ဘူးပဲ " 

The Grey ( On going )Where stories live. Discover now