- 6 -

654 100 6
                                    

[ Zawgyi ]

လေးလံတဲ့မျက်ခွံတွေကြောင့် အသိစိတ်ရှိနေပြီဖြစ်သော်လည်း မျက်လုံးကတော်တော်နဲ့ဖွင့်လို့မရဘူးဖြစ်နေတယ် ။မညာတမ်းဆိုရရင် အသိစိတ်ဝင်ဝင်ချင်း အရင်ဆုံး သတိရမိသူက မောင်ပါပဲ။

အခန်းတံခါးပွင့်သွားတဲ့အသံကိုကြားတယ် ။ တစ်စုံတစ်ယောက် သူ့အနားကိုလျှောက်လာတာကိုခံစားမိတယ် ။ ဒါပေမယ့် သူမျက်လုံးတွေကိုဖွင့်မကြည့်ချင်သေးဘူး ။ အဲ့ဒီတစ်စုံတစ်ယောက်ဟာ သူလှဲနေတဲ့ကုတင်ဘေးက စားပွဲပေါ်ကိုတစ်စုံတစ်ခုတင်လိုက်ပုံပါပဲ ။ ထို့နောက် သူ့ နှဖူးကိုခပ်ဖွဖွလာနမ်းတယ် ။ ထိုအခါမှ ဘယ်သူမှန်းသိချင်သွားတဲ့ ဟန်က မျက်လုံးတွေကို ဖြည်းဖြည်းချင်းအားယူကာဖွင့်ကြည့်လိုက်တယ်။

"မောင် !"

သူ့မျက်လုံးတွေကဝေဝါးနေတယ် ။ သူမြင်နေရတာက မောင့်ကို ။ ဒါပေမယ့် မောင်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ရဲ့အသံဟာထွက်လို့လာပါတယ် ။

"နိုးပြီလား ဟန်အာ ! "

သူ့အမြင်တွေကရှင်းလင်းသွားတယ် ။ ပြီးတော့ သူ့ရှေ့မှာတကယ်ရှိနေတာက မောင်မဟုတ်ဘဲ ချန်ကောဆိုတာ သတိပြုမိသွားတယ် ။ သူဘာလို့ မောင့်ကိုပဲမြင်ယောင်နေတာလဲ ။

"ချန်ကော"

"အင်း"

ချန်ကောက သူ့ကိုပြုံးပြပြီး သူ့နှဖူးကိုလက်နဲ့ထိတွေ့တယ် ။

"အဖျားတော့သိပ်မရှိတော့ဘူး .. ဟန်အာ မေ့နေတာ ၂ရက်တောင်ရှိပြီ ၊ အခုဘယ်လိုနေသေးလဲ ခေါင်းတွေကိုက်သေးလား"

"၂ရက်တောင်ရှိပြီလား .. ဒါ .. ဒါဆို ကျွန်တော် ပြန်မှဖြစ်မှာပေါ့"

လှဲနေရာက ချက်ချင်းထလာတဲ့ ကျီဟန့်ကို ဝမ်ရှင်းက ပြန်လည်ဆွဲချလိုက်တယ်။

"တော်တော့ ဟန်အာ ! မင်းသူ့ဆီကိုသွားချင်နေတုန်းပဲလား"

"သွားရမှာပေါ့ ကျွန်တော်မောင့်ကိုချစ်တယ် ပြီးတော့ မောင်နဲ့ကျွန်တော်က လက်ထပ်ထားတာလေ"

"မင်းနဲ့ ကုန်းကျွင်းကြားမှာ ဘယ်လောက်အဆင်မပြေဖြစ်နေလဲဆိုတာ ငါသိထားပြီးပြီ .. သူကမှမင်းကို မလိုချင်တာ မင်းကဘာလို့ သူ့နားမှာဆက်နေဦးမှာလဲ"

မောင် ~♡ ( Complete )Where stories live. Discover now