- 8 -

667 95 41
                                    

[ Zawgyi ]

လေးလံနေတဲ့မျက်ခွံတွေဟာ ပုံမှန်ထက်ဖွင့်ရခက်ခဲနေတယ် ။ ဘေးနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာကိုခံစားမိပေမယ့် ထိုအထိအတွေ့ဟာရင်းနှီးမနေခဲ့ဘူး ။

ကုန်းကျွင်း မျက်လုံးကို အားပြုကာဖွင့်ကြည့်လိုက်တယ် ။ သူ့ရင်ဘတ်ပေါ်တင်ထားတဲ့ ခေါင်းတစ်လုံးကိုသတိပြုမိသွားတာကြောင့် ကုန်းကျွင်း ရုတ်တရက်ထလိုက်မိတယ် ။ ထိုအခါ ထိုမိန်းကလေးက နိုးလာပြီး ကုန်းကျွင်းကို ပြုံးပြလာတယ်။ ထိုမိန်းကလေးရဲ့အပေါ်ပိုင်းဟာ ဗလာကျင်းနေပြီး ဆောင်ကိုသာရင်ဘတ်ထိအုပ်လို့ထားတယ်။ ပြီးတော့သူကိုယ်တိုင်ကလည်း ဘောင်းဘီတစ်ထပ်သာလျှင်ရှိတော့သည် ။ ထူးဆန်းလွန်းတဲ့အနေအထားကြောင့် ကုန်းကျွင်းက အံ့သြသထက် အံ့သြရတယ် ။

"မင်း .. မင်းက ဘယ်လိုလုပ် "

"မမှတ်မိဘူးလား မနေ့ညက အစ်ကို မူးနေတာနဲ့.."

"မင်း မဟုတ်တာတွေမပြောနဲ့ ! ငါ ညက တစ်ခွက်ပဲသောက်ခဲ့တာ ဘာကိစ္စမူးရမှာလဲ ! ပြီးတော့ ဒါက ဘယ်နေရာလဲ"

လိမ်နေလို့လည်း မထူတော့မှန်းသိလိုက်တဲ့ သူမဟာ သက်ပြင်းအသာချလို့ ကုန်းကျွင်းကို ဆက်ပြောတယ် ။

"ဟုတ်တယ် ညက ကျွန်မ အစ်ကို့ ခွက်ထဲကို ဆေးခတ်ခဲ့တာ "

"မင်း .. ဘယ်လိုမိန်းကလေးလဲ ! ဘာကိစ္စဒီလိုလုပ်ရတာလဲ"

"ချစ်လို့ပေါ့ အစ်ကိုရယ် အစ်ကို့ကို ညီမအပိုင်ဖြစ်လာစေချင်လို့ပေါ့ "

ကုန်းကျွင်းဟာ တကယ်နားလည်ရခက်တဲ့သူမကို မျက်မှောင်ကြုံ့လို့ကြည့်လိုက်တယ် ။ ပြီးတော့ အဲ့အကြည့်ထဲမှာ ရွံ့ရှာမှုတွေ ၊ အထင်သေးမှုတွေပါဝင်နေတယ် ။

"မင်းရူးနေလား ! ငါ့မှာအိမ်ထောင်ရှိတယ် "

"ယောက်ျားတစ်ယောက်နဲ့လား ! တော်စမ်းပါအစ်ကိုရယ် .. ရှင်သူနဲ့တကယ်ပျော်ရွှင်နိုင်မှာမို့လို့လား ၊ တကယ့်မိသားစုဆိုတဲ့ဘဝကိုရှင်မလိုချင်တော့ဘူးလား"

"......"

"ခေါင်းမမာစမ်းပါနဲ့ အစ်ကိုရယ် ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာတွေအကုန်လုံးကို ကျွန်မက ပေးနိုင်တယ်လေ"

မောင် ~♡ ( Complete )Where stories live. Discover now