- 16 -

514 76 20
                                    

[ Zawgyi ]

တစ်ဖြည်းဖြည်းကုန်ဆုံးသွားတဲ့အချိန်တွေ။ ရာသီတွေ ပြောင်းလဲလာတယ်။ ချယ်ရီတွေဝေဝေဆာဆာပွင့်လန်းတဲ့ကာလကိုရောက်ရှိလာပြီ။

ကုတင်ပေါ်မှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေတဲ့ ကျန်းကျယ်ဟန့်ရဲ့က မျက်ဝန်းသေတွေနဲ့အတူ ပြတင်းပေါက်ကိုငေးစိုက်ကြည့်နေတယ်။ အခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့ ကုန်းကျွင်းက ဟန့်ဘေးနားမှာဝင်ထိုင်တယ်။

"ဟန်..ဆေးသောက်ရအောင်"

ခေါင်းလည်းမခါ ၊ ခေါင်းလည်းမငြိမ့် ၊ ထိုအတိုင်းငြိမ်သက်နေဆဲဖြစ်တဲ့ ဟန့်ကြောင့် မောင်က သက်ပြင်းတိုးတိုးချလို့ ဆေးတွေကိုဟန့်လက်ကလေးထဲထည့်ပေးလိုက်တယ်။ ထိုတော့လည်း ဘာစကားမှမဆိုပါပဲ ဆေးတွေကိုသောက်ပါတယ်။ မောင်က ရေခွက်လေးကိုကမ်းပေးတော့ တည်တည်ငြိမ်ငြိမ်ပဲယူလို့သောက်တယ်။

အခုလက်ရှိဖြစ်ပျက်နေတဲ့အရာတွေကို ကုန်းကျွင်းက လက်ခံနိုင်အောင်မနည်းကြိုးစားနေရတယ်။ ၃ လရှိပြီ။ ဟန်က တစ်နေ့တစ်ခြား တည်ငြိမ်ပြီးအေးစက်လာတယ်။ အရင်လတွေတုန်းက ဆရာဝန်ကြီးပြောသလိုပဲ ဟန်က သူ့ကို မှတ်မိတစ်ချက် မမှတ်မိတစ်ချက်နှင့် မောင်တိုက်တဲ့ဆေးတွေလွှင့်ပစ်ပြီး ထသောင်းကျန်းတတ်တယ်။ တစ်ခါတစ်လေကြတော့လည်း မောင့်စကားကိုလိမ်လိမ်မာမာလေးနဲ့နားထောင်တယ်။ ချန်ဝမ်ရှင်းနဲ့ ကျိုးရှောင်မေကလည်း ဟန့်ဆီမကြာခဏလာပြီး စကားတွေပြောပေမယ့် ဟန်က သူတို့ကိုလည်း ကြောက်ရွံ့နေဟန့်နဲ့ မောင့်ကိုပဲအသည်းအသန်ဖက်တွယ်ထားခဲ့တယ်။ ဟန့်စိတ်ထဲမှာ မောင်တစ်ယောက်ထဲကသာ သူ့စိတ်လုံခြုံရာဖြစ်နေခဲ့တယ်။

ဒါပေမယ့်. အခုနောက်ပိုင်း ဟန်က ဘယ်သူ့ကိုမှစကားမပြောတော့ဘူး။မောင့်ကိုရော။ အမြဲတမ်း တစ်နေရာကိုစူးစိုက်ကြည့်ပြီး ငြိမ်နေတတ်တယ်။ ပြောစကားလည်း နားထောင်လာပေမယ့် ထူးဆန်းနေတုန်းပဲ။ ကုန်းကျွင်း မေးကြည့်တော့ ဆရာဝန်ကြီးကပြောတယ်။ အဲ့တာ အခြေအနေကောင်းလာတာပါတဲ့။ ကုန်းကျွင်းကဝမ်းသာတစ်ဝက် ဝမ်းနည်းတစ်ဝက်နှင့် ဟန်ကနေပြန်ကောင်းလာတော့မှာဆိုပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ကိုပါမေ့ပျောက်သွားတော့မှာ ။ ကုန်းကျွင်းစိတ်ကိုလျော့ချလိုက်တယ်..ဘာပဲဖြစ်ဖြစ် ဟန်သူ့ကို နောက်တစ်ကြိမ်ပြန်ချစ်လာအောင်သူကြိုးစားလို့ရသေးတာပဲ။

မောင် ~♡ ( Complete )Where stories live. Discover now