Part-9(Uni+zawgyi)

430 35 0
                                    

**Telephone💚❤**

~Part-9~

တိမ်လွှာနန်းမြိုင်​ဆိုသည့်အဆောင်ကို  မြင်သည်နှင့်. အတွေးတွေရှုပ်ထွေးကာ....သတိလစ်သွားသည့်ရိပေါ်....မြူတွေထူလာပြီး ကြားနေရတဲ့အသံတွေကနီးစပ်လာတယ်...

" ဝေ့ရင်း...မပြေးနဲ့လေ...."

" ဟားဟား..ဟန်ကွမ်းကျွင်း....လန်ဒုသခင်လေး..လန်ဝမ့်ကျီး...လန်ကျန့်..လာဖမ်းလေ
...ဟီး..ဟီး..ဟား.."

" ဝေ့ရင်းတော်တော့....မပြေးနဲ့တော့.."

" အာ့.လောင်ကုန်း..လိုက်ဖမ်းလေ....ပျော်ဖို့ကောင်းတယ်မလား.."

နီးစပ်လာတဲ့အသံတွေနှင့်အတူ....ဝေ့ရင်းဆိုသည့်အမည်းရောင် ရှေးခတ်ဝတ်စုံနဲ့ ကျန့်ကောမျက်နှာ...လန်ကျန့်ဆိုတဲ့ မိုးပြာရောင်ဖျော့ဖျော့.ရှေးခေတ်ဝတ်ဆုံနှင့်..ကျွန်တော့်မျက်နှာ.....သူတို့ကဘယ်သူတွေလဲ.....ကျွန်တော်ကရောသူတို့ကြားထဲဘယ်လိုရောက်လာတာလဲ...ကျွန်တော့်ကိုလည်းသူတို့မမြင်ကြဘူး...

အငြိမ်မနေတတ်သည့်ဝေ့ရင်းဆိုသည့် လုလင်ပျိုနှင့် တည်ငြိမ်ရင့်ကျက်သည့် လန်ကျန့်..သူတို့နှစ်ယောက်က လက်ထပ်ထားသည့် ချစ်သူတွေ...

ကူးစူးလန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်လန့်ဝမ့်ကျိး....သူ့ချစ်တဲ့သူကမိစ္ဆာအရှင်သခင် ဝေ့ဝူရှန်. သူတို့နှစ်ယောက် ဒုက္ခမျိုးစုံရင်ဆိုင်ကျော်ဖြတ်ပြီးနောက်ဆုံးမှာတော့.​ပေါင်းသင်းနေထိုင်နိုင်ခဲ့ကြတယ်..

ဝေ့ဝူရှန်ရဲ့ဆန္ဒအလျောက် နေရာအနှံ့လှည့်ပတ်သွားပြီးကုန်တော့ ကူးစူးရဲ့ တိမ်လွှာနန်းမြိုင်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်..စည်းကမ်းပေါင်းမြောက်မြားစွာချိုးဖျက်ဖူးတဲ့ ကျောင်းသားဟောင်းဝေ့ရင်းဟာ.လန်ကျန့်နဲ့ ပေါင်းသင်းပြီးနောက်ပိုင်း..လန်ဂိုဏ်းရဲ့စည်းကမ်းတစ်ခုမျှကိုတောင် မချိုးဖျက်သည့်အပြင်....လန်ဂိုဏ်းကကျောင်းသားတွေကိုပါ ညဥ့်အမဲလိုက်ဖို့ သင်ကြားပေးသေးသည်

အကြောင်းကာ.သူချစ်ရသည့် လန်ကျန့်.ဂိုဏ်းထဲမှာမျက်နှာမပျက်ရအောင်ထိန်းသိမ်းနေထိုင်ခဲ့တယ်

ငွေကိုချွေတာသုံးရမည့်လန်ဂိုဏ်းတွင်.ဝေ့ရင်းတစ်ယောက်ထဲသာ အလိုရှိသလောက်သုံးစွဲဖို့.လန့်ကျန့်ခွင့်ပြုထားသည်....

Telephone 💚❤ (Uni+Zawgyu)  ongoingWhere stories live. Discover now