Part-16🚨🚨 (uni+zawgyi)

559 29 3
                                    

**Telephone 💚❤**

Part-16🚨🚨🚨

အရက်သာငုံ့သောက်နေတဲ့ ဟောက်ရွှမ်း..မူးဝေလာတော့ခေါင်းပင်မထောင်နိုင်မှောက်ကျသွားသည် စားပွဲပေါ်

ကောသိလား.ကောကိုမြင်ရင် ကျွန်တော်ဘာလုပ်ရမှန်းမသိဘူး ကောကျွန်တော့်ကိုမကြိုက်ဘူး ကျွန်တော်ခံစားရတယ်ကော. ကောကိုကျွန်တော်မျက်နှာချင်းမဆိုင်ရဲဘူး...ကောကျွန်တော့်လိုယောကျာ်းတစ်ယောက်ကိုကြိုက်တဲ့ကောင်ကို ရွံနေမှာပေါ့နော်.

နောက်ဆိုရှင်းချန်ကောရှေ့ ကျွန်တော်မလာမိအောင်နေပေးပါ့မယ်ဗျာ..

တွေးလက်စအတွေးတွေပျောက်ကာ ဘယ်နှခွက်မှန်းမသိ သောက်နေရင်းမှောက်ကျသွားတော့သည်

". ဟာဟောက်ရွှမ်း......."

ယူပင်းခေါ်သံကြားပေမယ့်မထူးနိုင် ​ခေါင်း ကမူးနောက်နောက်နဲ့

" ယူပင်း..မင်းသူငယ်ချင်းကဘာဖြစ်လို့ဒီလောက်တောင်သောက်ရတာလဲ.."

ကျန်းချန် စိတ်ပူ၍မေးလာခဲ့သည်

" မသိပါဘူး ကောရာ..သူတစ်ခါမှမမှောက်ဖူးဘူး...ဧကန္တ အသည်းကွဲနေလို့များလား.."

ပြုံးစိစိဖြင့်ရှင်းချန်ကောကိုကြည့်၍.ယူပင်းဖြေလာသည်

ရှင်းချန်မှာတော့ စိတ်ပူတာလားစိတ်ဆိုးတာလား မသည်းကွဲတဲ့ခံစားချက်ကြီးနဲ့

" ဟောက်ရွှမ်းမှာ ကောင်မလေးရှိတာလား..တစ်ခါမတွေ့ဘူးတွဲတာ.."

ကျန်းချန်ကမရိပ်မိပေမယ့်.လင်းရီကတော့ရှင်းချန်ကိုပြုံးကြည့်နေပြီး ယူပင်းအပြောကို နားလည်သလိုလိုနဲ့ပေါ့

" ဟာဘယ်ကလာ ကျန်းချန် ကောရာ.တစ်ခါမှရည်းစားမထားဖူးပဲ အသည်းကွဲနေတာ."

" ဟမ်း..အဲ့လိုလည်းရှိတာလား.."

" ရှိတယ် ကော..တစ်ဖတ်သတ်နဲ့အသည်းကွဲနေတဲ့ ကျွန်တော့်သူငယ်ချင်းလေးပါ "

သူများရယ်နေပေမယ့်ရှင်းချန်မရယ်နိုင်..သူဒီလောက်ထိခံစားသွားရမယ်လို့လည်း.မထင်ခဲ့မိဘူး ဘယ်လိုလုပ်ရမလဲဟောက်ရွှမ်းရာ....

Telephone 💚❤ (Uni+Zawgyu)  ongoingTempat cerita menjadi hidup. Temukan sekarang