* Telephone. *
Yizan💚❤ Fanfic လေးပါ အားပေးကြပါအုံး
Part-1
ည၁၁နာရီခန့်ဖြစ်သည်.smart. phone. တွေကို တွင်တွင်ကျယ်ကျယ် စတင်သုံးဆွဲလာနိုင်သည်နှင့်အတူ.ဖုန်းသရဲများလည်းပေါလာခဲ့သည်
ဖုန်းသရဲဆိုလို့ သရဲမဟုတ်ပါဘူး.ကိုယ်မသိတဲ့ဖုန်းနံပါတ်ကိုလိုက်နှိပ်ပြီး ဖုန်းပိုင်ရှင်အိပ်မရအောင် လိုက်စနောက်ခြင်းဖြစ်သည်.ထိုသို့စနောက်နေသည့်အဖွဲ့တွေထဲက ရိပေါ်တို့အဖွဲ့လည်းပါဝင်သည်
ရိပေါ် ယူပင်း ဟောက်ရွှမ်း.တို့သည် ငယ်သူငယ်ချင်းများ.ဖြစ်ကြပြီး အစအနောက်သန်ကာ ကျောင်းမှာ လူတော်တော်များများမသိသူမရှိပေ
ဒီညမှာတော့ နောက်ပိုင်းပေါ်လာသည့်နံပါတ်တွေကိုစနောက်ရပျင်းလာသဖြင့် ရှေးခေတ် အသုံးပြုခဲ့ကြသည့်နံပါတ်အဟောင်း.တွေကို စမ်းခေါ်ကြည့်လိုက်မိသည်
ကလင်ကလင်...ကလင်ကလင်..... ရှေးခေတ်အသုံးများကြတော့.နံပါတ်ကိုအဝိုင်းလှည့်ပြီးခေါ်ရသည့် ကြိုးဖုန်းလေးဟာ ကိုင်သူမဲ့ စွာမြည်နေသည်
" ကျစ် ဒီအချိန်ကြီးကျမှ ....ဒီအိမ်ဖုန်းကို ဘယ်သူဆက်တာလဲ..အိပ်ကောင်းတုန်းကို.."
အိပ်ယာပေါ်ကနေကုန်းရုန်းထရင်း.မြည်နေတဲ့ဖုန်းလေးဆီကို လှမ်းလာခဲ့လိုက်သည်
" ဟယ်လို....." ရှောင်းကျန့်ကအိပ်ချင်မူးတူးနှင့်ဖုန်းကိုင်ရင်းပြန်ဖြေနေသည်
" ဟယ်လို.. ဘယ်သူလဲမသိဘူး "
ဟာ ဘယ်လိုလူလည်း သူဆက်လာပြီးဘယ်သူလဲတဲ့..ကျန့်ကျန့် ကိုလာစမ်းနေတယ် တွေ့မယ်
" ဟယ်လို...မောင်..ဘာလို့.ဒီအချိန်မှဖုန်းခေါ်တာလဲ..အချစ်က.ဖုန်းစောင့်နေတာကြာပီးအိပ်တောင်ပျော်နေပြီး သိလားမောင်.."
စိတ်ကိုလျှော့ကာဖုန်းဆက်လာသည့်သူကို လိုင်စင်ပေးချင်သဖြင့် ခပ်ချွဲချွဲလေးပြန်ပြောပေးလိုက်သည် အသံကလည်းနာဝင်ချိုလှသည်
" ဟမ်း...ခင်ဗျား.ဘယ်သူလဲ.." ရိပေါ်.ခနတော့ကြောင်သွားသည် အသံလေးကြားတာတောင်ရင်ခုန်တက်လာသည် ဒီအသံလေးကအရမ်းချိုတာပဲ...
VOCÊ ESTÁ LENDO
Telephone 💚❤ (Uni+Zawgyu) ongoing