Part-17(uni+zawgyi)

344 27 0
                                    

**Telephone 💚❤**

~Part-17~

ဘားထဲကဆူညံသံတွေဝေးကွာလာသယောင် တစ်ယောက်ယောက်ကတွဲခေါ်လာသယောင်နဲ့အမူးပြေလာသည့်ဟောက်ရွှမ်း..

ဟုတ်ပါတယ်.ရှင်းချန်တွဲထားတာပါ သူသူငါငါမူးရူးနေကြပီးကောက်ပြန်ကြ ကုန်တော့ ယူပင်းကိုလည်းမနိုင် ကျန်းချန်နဲ့လင်းရီခေါ်သွားသည် စစ်ကျွေးကမူးရင်းနဲ့ သူငယ်ချင်းမေ့တဲ့ထိ ပင် သူ့ဘာသူထပြန်သွားသည်

ကျန်ခဲ့သည်က.မှောက်နေသည့်ဟောက်ရွှမ်းနဲ့ ရှင်းချန်ပင် ဟောက်ရွှမ်းကတော့ တွဲလာသူကိုယူပင်းလို့ထင်မှတ်နေသည်

" ယူပင်း...မင်းသိလား....ငါ့ဘယ်ဘက်ရင်အုံ နာလိုက်တာကွာ..."

" ယူပင်း....ငါလေ..ရှင်းချန်ကောကိုသိပ်ချစ်တယ်သိလား.."

" ရှင်းချန် ကောပြုံးလိုက်ရင်လေ ပူလောင်နေတဲ့ ငါ့ဘဝလေး အေးချမ်းသွားစေတယ်.."

" အာဒံ မှာ.ဧဝ ဆိုရင်..ဟောက်ရွှမ်းမှာ ရှင်းချန်ပဲ.မင်းသိလား.ယူပင်း.."

ဟောက်ရွှမ်းပြောလာတဲ့စကားတွေကြားရင်း စိတ်ထဲကျေနပ်လာသယောင် ရှင်းချန်ပြုံးလာသည်.. တကယ်ဒီကောင်လေး ....လူကိုပြုစားတာအရမ်းတော်တယ်...

ကျောင်းနားကပန်းခြံရှေ့ရောက်တော့...တွဲလာရတာလေးသည်မို့ ထိုင်ခုံဆီ ဦးတည်ပြီး ထိုင်ဖို့လုပ်ပေးလိုက်သည် ခနတော့နားပါရစေ မင်းအဆောင်ကိုလည်းမသိဘူး...ဟူး...ဘာဖြစ်ဖြစ်ငါ့အခန်းထဲပဲခေါ်သွားရမှာပဲ...

" ယူပင်း.....မင်းကငါပြောတာကို လျစ်လျူရှုတာလား.."

" ကောကိုလေ..ငါမျက်နှာချင်းမဆိုင်ရဲဘူးသိလား.."

" ကောကလေ ငါ့လိုယောကျာ်းကြီးကြိုက်နေတဲ့ကောင်ကိုရွံနေမှာ.ပေါ့နော်.....ငါလေ....ရင်ကွဲမတတ်ပူလောင်တယ်...ငါလက်လွတ်ရမှာလား ယူပင်း..ငါရှေ့ဆက်ရမှာလား...လက်လွတ်ဖို့တွေးရင်လည်း ငါနာကျင်ရတယ်...ရှေ့ဆက်ဖို့ကြိုးစားရင်လည်း ငါ့အတွက်အဖြေမရှိဘူး..."း

". ကောက...ကောက. ယောကျာ်းတစ်ယောက်ကိုကြိုက်ရမယ်လို့မစဥ်းစားဖူးဘူးတဲ့..."

Telephone 💚❤ (Uni+Zawgyu)  ongoingDonde viven las historias. Descúbrelo ahora