Part 10( Uni+ zawgyi)

439 35 0
                                    

** Telephone.💚❤**

~Part-10~

ရှောင်ကျန့်ကိုစိတ်ဆိုး၍.ထွက်လာတာ တော်တော်ခရီးရောက်မှလမ်းမှားမှန်းသတိထားမိသည့်ရှင်းချန်
လမ်းကျဥ်းကျဥ်းလေး.တစ်ယောက်စာလမ်းလျှောက်ရရုံဘေးမှာ ဝါးပင်အချိ​ု့နှင်​့စမ်းချောင်းသေးသေးလေး....ရှေ့နားလေးမှာ တံတား သေးသေးလေးတစ်စင်း ဘေးဘီဘယ်ညာ ဝေ့ဝိုက်ကြည့်တော့လည်း ဘယ်သူမှမရှိ...

​တောထဲမှာတစ်ယောက်ထဲလမ်းပျောက်တော့.ကြောက်လန့်နေရင်းနဲ့ အနောက်ကို ကွိခနဲ
လှည့်ကြည့်လိုက်တော့..

" အုံးမလေး.ဘုရား...​အမြတ်တနိုးထား..ငါလေးကအချောဟ..." လန့်တာလေးက.အထူးအဆန်းမို့ ဟောက်ရွှမ်းရယ်မိသည်

ဝုန်းခနဲ..လန့်ဖြန့်ပြီးကိုယ်ခြေကိုချိတ်ကာ..ဘုန်းခနဲ ပြုတ်ကျသွားသည့် ရှင်းချန်

လန့်ဆိုလို့ရှင်းချန်နောက်တောက်လျှောက်လိုက်လာပြီး..အသံတစ်စတောင်မပေး..ရှင်းချန်ရပ်နေသည့်အနောက်တည့်တည့်မှာ..ပြုံးပြီးရှင့်ချန်ကိုစိုက်ကြည့်နေမှာတော့..မလန့်ပဲနေမလား..နဂိုကတည်းက ကြောက်စိတ်နဲ့ လှည့်ကြည့်တာပါဆို

".ရှင်းချန် ကော..ဘာဖြစ်သွားသေးလဲ.."

အနောက်လန်ပြီးပြုတ်ကျသွားတာအားမရ.လမ်းဘေးကဝါးပင်ကြားမှာ ခေါင်းညှပ်မိနေသည့်ရှင်းချန်..

". ကြည့်မရပါဘူးဆို.မင်းကြောင်​့.ခုလိုညှပ်နေတာ...မင်းကဘာကိစ္စရပ်ကြည့်နေတာလဲ..ကြ​ည့်ကောင်းနေလား.."

" မဟုတ်ဘူးလေ.ကော ကိုဒီအတိုင်း.ဆွဲထုတ်လို့မှမရတာ အဲတာ.ဝါးပင်ရှင်းပေးနေတာလေ.."

ပြန်တိတ်ဆိတ်သွားသည့်ရှင်းချန် နဂိုကတည်းကအနေအေးသည် ယခုလိုပြုတ်ကျတော့ အရှက်ကွဲခံလိုက်ရသလို ဟောက်ရွှမ်းရှေ့မှာဖြစ်တာမို့ပိုလို့တောင်.ရှက်မိသည်

" လာကော.ဖြည်းဖြည်းထ..ကျွန်တော်ကျောပိုးပေးမယ်.."

" ရပါတယ်...ငါ..ငါလျှောက်နိုင်တယ်.."

လျှောက်နိုင်တယ်ပြောနေပေမယ့် ခြေကျင်းဝတ်လည်သွား၍ တစ်လှမ်းလောက်လျှောက်ရုံနဲ့တင် အောင့်တက်လာ၍ မျက်နှာရှုံ့မဲ့မိသည်.

Telephone 💚❤ (Uni+Zawgyu)  ongoingDonde viven las historias. Descúbrelo ahora