Part-20(U+Z)

325 29 0
                                    

**Telephone. 💚❤ **

~ Part-20~

မနက်ဖြန်ဆိုရင်ဖြင့် Yiboဆိုင်ကယ်ပြိုင်ရမယ့်နေ့ရောက်ခဲ့ပါပြီး..ရိပေါ်ထပ်ရင်ခုန်နေတဲ့သူကရှောင်ကျန့်ဖြစ်နေ၏

ဆုရဖို့ထပ် ရိပေါ် တစ်ခုခုဖြစ်သွားရင် ဆိုသည့်စိတ်ကြောင့် တွေးပူရင်းအိပ်မပျော်နိုင် အနားမှာရိပေါ်မရှိလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါမည်

ရိပေါ်ကယူပင်းနဲ့ဟောက်ရွှမ်းဆီသွားအိပ်ပြီး ပြိုင်ပွဲ အကြောင်းဆွေးေနွးနေကြသည် ရိပေါ်အဆင်ပြေပါစေဟုသာအကြိမ်ကြိမ်ရေရွတ်ရင်း အိပ်ပျော်သွားခဲ့ရသည်

ယူပင်းတိုက်ခန်းတွင်ဖြစ်သည်

" ရိပေါ်..မင်း.ပထမရအောင်လုပ်နော်..မင်းမရရင် ဟို ဗီဒီယိုဝှိုင် လိုင်းပေါ်ပြန့်ပီးမှတ် "

" ရိပေါ်ပါကွ မင်းတို့ကလည်း.."

"စိတ်အေးအေးထား.လမ်းသေချာကြည့်မောင်း...ဟုတ်ပီးလား.."

" ပြိုင်ရမှာမင်းတို့လား.ငါလား.."

" မင်းမို့လို့ပြောနေရတာ.ထိခိုက်ဒဏ်ရာဘာတစ်ခုမှ မရစေနဲ့.နောက်အပတ်ဆို Farewell. ပဲ.."

" ဟုတ်ပါပြီး တကော တို့ရယ်.."

ဒီကောင်တွေတောင်.ဒီလောက်စိတ်ပူနေရင် ကျန့်ကောဆိုပိုစိတ်ပူနေမှာပဲ.. ကောကိုကျွန်တော်ကပိုချစ်ပေမယ့် ကောက ကျွန်တော့်ကိုပိုနားလည်တယ်လို့ခံစားရတယ်

ကောကိုကျွန်တော် နားမလည်နိုင်ဘူး ကောဘာတွေးနေလဲ ဘယ်တော့မှမခန့်မှန်းနိုင်ခဲ့ဘူး..ကျွန်တော်ပျော်ဖို့ ဘယ်လိုလုပ်ပေးရမလဲ ကျွန်တော်လုပ်ချင်တာကိုလည်း အမြဲ supporting ပေးတတ်တယ်.ကောကကျွန်တော့်ကိုအရမ်းနားလည်ပေးနိုင်တယ်

ကောကအရိပ်တကြည့်ကြည့်နဲ့ချစ်တတ်တယ် ေကာသာကျွန်တော့်လိုပွင့်လင်းရင် သိပ်ကောင်းမှာပဲ ကောစိတ်ကိုဖတ်နိုင်ဖို့ကျွန်တော် တော်တော်ကြိုးစားရအုံးမယ်

ရိပေါ်အတွေးများစွာဖြင့် အိပ်ပျော်သွားခဲ့သည်
နောက်တစ်နေ့မနက် ဆိုင်ကယ်ပြိုင်ကွင်းထဲတွင်
အစိမ်းရောင်အလံ.ရိပေါ်နာမည်နှင့် မိန်းခလေး ယောကျာ်းလေးပေါင်းများစွာ.ရိပေါ်နာမည်ကိုအော်ဟစ်ရင်း အားပေးနေကြသည်

Telephone 💚❤ (Uni+Zawgyu)  ongoingTahanan ng mga kuwento. Tumuklas ngayon