* Telephone💚❤*
Part-3
မသိစိတ်ထဲကနေ.ဖုန်းသရဲလေးကို ခင်ချင်နေမိပီးလား..အို..ရှောင်ကျန့်ရှောင်ကျန့်..ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့...ကိုယ့်ကိုယ်ကိုသတိပေးရင်း Assignment ကိုအပြီးသတ်နေလိုက်သည်
ဖုန်းသရဲလုပ်နေရင်းနဲ့...ဒီအသံလေးနဲ့မှ ငါဘာလို့ ခင်ချင်နေမိတာလဲ....ရိပေါ်ကလည်းအတွေးများစွာနဲ့.အိပ်ပျော်သွားခဲ့သည်
မနက်မိုးလင်းသော်
" ကျန့်ကျန့်ရေ...ထတော့..ကျောင်းနောက်ကျတော့မယ်..ညကဘယ်အချိန်မှအိပ်တာလဲ.."
". ကျဲဘယ်အချိန်ရှိပြီးလဲ..."
". 7 နာရီထိုးနေပြီး မြန်ြမန်ထ ကျဲမနက်စာပြင်ထားမယ်.."
" ရေချိုးပြီးဆင်းလာခဲ့မယ်.ကျဲအောက်မှာစောင့်နှင့်နေ.."
". ကျဲ အကျီထုတ်ခဲ့ပေးမယ်လေ.."
". ကျဲရဲ့ဖက်ရှင်အမြင်နဲ့လား..တော်ပါကျဲရယ် ကျွန်တော့်ကိုတစ်ကျောင်းလုံးရယ်စရာဖြစ်အောင်မလုပ်ပါနဲ့. "
". ကောင်စုတ်လေး..ကိုယ့်ကျဲကိုတစ်ခါမှအကောင်းမမြင်ဘူး.."
" အမှန်ပြောတေ့ာလည်းခါးတယ်မလား..သွားသွား.ကျဲသွားတော့.."
" မွေးရကျိုးနပ်တဲ့ကောင်.."
" ဟားဟား..ချစ်လို့စတာကို ကျဲကလည်း..ဟီး.."
ပြောင်စပ်စပ်နဲ့ပြုံးပြရင်း.ရေချိုးခန်းထဲပြေးဝင်သွားသည့်ကျန့်ကျန့်ရယ်ပါ အမဖြစ်သူကလည်းမောင်ဖြစ်သူပျော်နေရင်ကိုကျေနပ်နေသူမို့ ဘယ်လောက် စစ စိတ်မဆိုးပေ
ရေမိုးချိုးအလှပြင်ပြီးလွယ်အိတ်ပါအတူသယ်ဆင်းလာရင်းထမင်းစားစားပွဲမှာစောင့်နေတဲ့ကျဲဆီ ဦးတည်လာခဲ့သည်
" လာကျန့်ကျန့်ရေ.ကျဲမင်းကြိုက်တဲ့.စွပ်ပြုတ်လုပ်ထားတယ်.."
" အမ်း..ကျဲက ကျန့်ကျန့်အကြိုက်လုပ်ထားတယ်ဆိုတော့ ကျန့်ကျန့်ဆီကဘာအကူအညီတောင်းမို့လဲ.."
" ကျန့်ကျန့်ကတော်လိုက်တာ..ကျဲအကူအညီတောင်းစရာသေးသေးလေးတစ်ခုရှိတယ်."
STAI LEGGENDO
Telephone 💚❤ (Uni+Zawgyu) ongoing