3 (Unicode)

205 32 0
                                    

"မင်းကြည့်ရတာလည်း အိုစာတာကွာ''

ကျောင်းရောက်တည်းက သုန်မှုန်နေတဲ့ ဖေးယွီကိုကြည့်ပြီး ကျိုးချီက ပြောလာသည်။
ပြောချင်ရာသာ ပြောတော့ ခုချိန် ပြုံးပျော်နေနိုင်မဲ့ စိတ်အခြေအနေမဟုတ်ဘူး။
ဖေးယွီခေါင်းထဲ တဝဲလည်လည်ဖြစ်နေတာ လိုင်းပေါ်မှာပြန့်နေတဲ့ သတင်း။
အစ်က်ိုက သူတို့မေဂျာ projectအနေနဲ့ ပြဇာတ်ငယ်တစ်ခုမှာ ပါရမယ်။
မဲကောက်တော့ ခေါင်းဆောင်မင်းသားနေရာမှာ အစ်ကို့ကိုဝိုင်းပြီး voteပေးကြတယ်တဲ့။

'လော်ယွင်ရှီးနဲ့ တွဲရမဲ့မင်းသမီးက queenနော် အလှလေးနှစ်ယောက်ဆုံမဲ့ပွဲဟ လွတ်လို့မဖြစ်ဘူး'
'မီ ရင်တွေခုန်နေပါပြီနော် ဘယ်လောက်အတွဲညီလိုက်မလဲ'

Cmtတွေ လိုက်ဖတ်ပြီး ဖေးယွီဘူပြီးဘူလာရတယ်။
ချီးကို လိုက်ဖက်ညီပါလား ><
အဲဒါထက် ဆိုးတာ ဒီနောက်ဆုံး cmtပဲ။

'မင်းသမီးတင်မကဘူး မင်းသားပါ ငမ်းရမှာပေါ့ ဟီး'

ယီးကိုငမ်း။
ရေးထားတဲ့ accက ကောင်လေးတစ်ယောက်ရဲ့ acc။ cmtရဲ့ replyမှာလည်း ကောင်လေးတွေ တန်းစီလို့။ စော်ရောဘဲရောကြည်တဲ့အစ်ကို့ကိုမှ ချစ်မိတော့လည်း ဟူး...

"​စောင်နှာဘူးကောင်တွေ ယောက်ျားအချင်းချင်းကိုဖွန်ကြောင်နေလိုက် ချီးပဲကွာ''

ပါးစပ်ကပါ ထုတ်ဆဲမိတော့ သူ့ကိုဘေးမဲ့ပေးထားတဲ့ ကျိုးချီကတောင် စိတ်ဝင်တစားနဲ့ သူ့ဖုန်းကိုလှမ်းကြည့်လာတယ်။

"ဘာများလဲလို့''

"ဘာကို ဘာများလဲလို့လဲ။ ငါ့အစ်ကိုကို ဝိုင်းဖွန်နေကြတာလေ။ ကောင်မလေးတွေဆိုထားဦး ဘဲတွေကပါကြောင်နေတာ''

"အဲဒါဘာဖြစ်လဲ''

"ကျိုးချီ မင်း နာချင်နေလား။''

"မင်းလည်း တူတူပဲကို။ ယောက်ျားလေးလည်းဟုတ်တယ်။ ပြီး သူတို့လိုပဲ ဖွန်ကြောင်နေတာပဲလေ။''

"မတူဘူးကွ မတူဘူး''

"ဘာမတူတာလဲ တူတူပဲကို။ မင်းအပိုင်လည်းမဟုတ်ဘဲနဲ့ တိုနေလိုက်တာ''

စာကြမ်းပိုးကောင်ကို ဇတ်ပိုးတစ်ချက်အုပ်ပစ်လိုက်တော့ ကြောင်တောင်တောင်လေးပြန်ကြည့်တယ်။ ငါဘာမှားလို့လဲပေါ့။ ဘာမှမမှားလို့ကို တွယ်တာ။ အလိုက်ကမ်းဆိုးကိုမသိတဲ့ကောင်။
ထိုင်မနေနိုင်တော့တာနဲ့ အစ်ကို့ဆီ ထွက်ခဲ့လိုက်တယ်။ အစ်ကို့မျက်နှာလေးကိုမြင်ရင် ဗလောင်ဆူနေတာတွေ သက်သာလိုသက်သာငြား။

You're a blessing in my lifeWhere stories live. Discover now