7 (Uni/Zaw)

194 23 2
                                    

(Unicode)

တစ်ခါရောက်ဖူးတဲ့ အခန်းလေးက ဖေးယွီကို မှိုင်းညှို့ညှို့နဲ့ ကြိုဆိုတယ်။
ခုမှ သေချာကြည့်မိတယ် အခန်းက အလင်းရောင်ကောင်းကောင်းမဝင်တဲ့အပြင် အဖြူသိပ်ကြိုက်တဲ့ အစ်ကိုနဲ့မလိုက်ဖက်စွာပဲ အခန်းနံရံတွေက ညိုညစ်ညစ်.. တချို့နေရာတွေမှာ ဆေးတွေကွာကျလို့ အကွက်လိုက်။
ဒီလိုအခန်းထဲမှာ တစ်နေ့တစ်နေ့ အစ်ကိုဘာတွေတွေးလို့ ဘယ်လိုတွေနေခဲ့လဲ သူသိပ်သိချင်တာပဲ။
တံခါးလာဖွင့်ပေးတဲ့ ဗင်ကျန်းက သူ့ကိုမြင်တော့ အံ့သြဟန်မပြ။ အစ်ကို့အတွက် သူ အပြေးရောက်လာတယ်ဆိုတာ မထူးဆန်းဘူးကိုး။
အစ်ကိုကတော့ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်​ပျော်လို့နေတယ်။
အစ်ကို အေးအေးဆေးဆေးဖြစ်နေတာမြင်မှ နယ်ကနေ လာခဲ့ရတဲ့လမ်းတလျှောက် လောင်နေခဲ့ရတဲ့ အပူတွေ ငြိမ်းသွားတော့တယ်။

''အန်တီ့ကို ဘယ်လိုပြောခဲ့လဲ''

''သင်တန်းက ဆရာက ပြန်ခေါ်လို့လို့''

ကုတင်ဘေးစွန်းဝင်ထိုင်ရင်း အစ်ကို့ပါးပြင်ကို ခပ်ဖွဖွလေးပွတ်ပေးချင်စိတ်က ထိန်းမရ..
မြတ်နိုးရတဲ့ မျက်နှာလေးမှာ အရင်လို စိုစိုပြေပြေမရှိလှ

''ပိန်သွားလိုက်တာ.. မျက်ကွင်းတွေညိုရုံတင်မကဘူး ချိုင့်ပါနေပြီ''

ဗင်ကျန်းကလည်း သူ့သူငယ်ချင်းကို ကြည့်ရင်း သက်ပြင်းချတယ်

''မင်း ဖုန်းဆက်ဆက်ချင်း ငါလာလိုက်တာ။ ရောက်တော့ ဒီကောင် တစ်ကိုယ်လုံးတုန်လို့ ငါလန့်သွားတာပဲ''

''ဘာဖြစ်တာလဲသိလား။ ပုံမှန်တော့မဟုတ်ဘူး''

သူ့အမေးကို ဗင်ကျန်းက မဖြေဘဲ ကုတင်ဘေး စားပွဲအံဆွဲထဲက စီးကရက်ဘူးထုတ်ပေးတယ်

''တစ်လိပ်လောက်ထုတ်ပြီး အလယ်ကချိုးကြည့်လိုက်''

မဟုတ်ပါစေနဲ့ တတွင်တွင်ဆုတောင်းပေမဲ့ ဆုတောင်းမပြည့်ခဲ့..
ထွက်လာတဲ့ အဖြူရောင်အမှုန့်တွေ

''မင်းအစ်ကို ဆေးစွဲနေတာ''

ဝမ်းနည်းမှုကြောင့်ရော ထိတ်လန့်မှုကြောင့်ရော ဖေးယွီ လက်ဖျားတွေ တုန်ခါလို့..

You're a blessing in my lifeWo Geschichten leben. Entdecke jetzt