Unicode
အပိုင်း ၆ : [💌 နေရစ်ခဲ့ပါတော့ အစ်ကို]
နောက်ရက် အိပ်ရာနိုးနိုးချင်းမှာပဲ ဗင်ကျန်းတစ်ယောက် 'မင်းညီ ပြန်မလာသေးဘူးလား' တတွတ်တွတ်မေးလွန်းလို့ မားမားရဲ့နားပူမခံနိုင်တော့ဘူးဆိုကာ ဖေးယွီကို နယ်ပြန်ပို့တော့တယ်။
ကားဂိတ်ရောက်တော့ ဆီးကြိုနေတာ ဘော်ဒါတသိုက်.."ခွေးယွီ ပြန်လာပြီကွ Yayyy''
ပြေးဖက်တဲ့သူကဖက်
လက်မောင်းကို လက်သီးတစ်ချက်ပစ်သွင်းရင်း နှုတ်ဆက်တဲ့သူကဆက်
ဖေးယွီ ပျော်လာသည်။
ရှန့်ဟိုင်းမသွားခင်က သူ့ကိုသူ ပြန်ရှာတွေ့လိုက်ရသလိုပဲ။
ဟုတ်တယ် ဒါကမှ သူ
ပျော်တတ်တဲ့ ဖေးယွီ
သူငယ်ချင်းတွေကြား အပူအပင်မရှိတဲ့ ဖေးယွီ
အမြဲရယ်မောနေတတ်တဲ့ ဖေးယွီပါ"ယီးကို ခွေးယွီပါလား .. မင်းပါးပါး ပြန်လာတာ အဲလောက်ပျော်လား''
"ဒါပေါ့ ငါတို့ရဲ့နှစ်ယောက်မရှိတဲ့ အရှုပ်ထုပ်ကိုး။ မင်း အိမ်သွားရအောင် ငါတို့မကဲရတာကြာပြီ''
"မားမား ငါ့ကို တန်းပြီးပြန်ကန်ထုတ်အောင်တော့ မလုပ်ကြပါနဲ့ကွာ''
"ဒီတစ်ခါ ကန်ထုတ်ရင် ငါ့အိမ်လိုက်နေကွာ''
"ဒါမှ ဖေ့သား''
"Fuck''
"ဟားဟားဟား''
မားမားက ဘော်ဒါတသိုက် ခြံရံလို့ ပြန်လာတဲ့သူ့ကို မြင်တော့ ထုံးစံအတိုင်း မြည်တွန်တောက်တီးလို့ပေါ့။
"ဒီအမေကို သတိတောင်ရတာမဟုတ်ဘူး။ နှစ်ယောက်တည်း အလွမ်းသယ်ဖို့လေးတောင် စိတ်ကူးရှိပုံမရဘူး။ မျောက်တစ်သိုက်ကို ခေါ်လာပြီ။ မွေးရကျိုးနပ်တယ်''
ပွစိပွစိလုပ်နေပေမဲ့ မားမား မျက်နှာပေါ်က အပြုံးတွေကတော့ ပျောက်မသွား။
မားမားလည်း သူပြန်လာလို့ ပျော်နေတယ်
သူ့သူငယ်ချင်းတွေလည်း ပျော်နေတယ်
အိမ်ထဲမှာ ရယ်သံလွင်လွင်တွေ အပြည့်...မသ်ိလိုက်ခင် သူ့နှုတ်ခမ်းထက်မှ ထွက်သွားတဲ့စကား
"လွမ်းတယ်''
"ငါတို့ကိုလား''
ခေါင်းငြိမ့်ပြရင်း တကယ့်အဖြေကိုတော့ ရင်ထဲမှာပဲ တီးတိုးရေရွတ်မိတယ်
YOU ARE READING
You're a blessing in my life
Fanfictionအစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ် အစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ်