နောက်ရက် ကျောင်းရောက်တော့ အရင်ဆုံး အစ်ကိုတု့ိစာသင်ခန်းဆီယောင်လည်လည်သွားလုပ်နေလိုက်တယ်။ အစ်ကို့ဘက်က သူ့ကိုမြင်ရင် ဘာထူးမလဲသိချင်လို့။ သိပြီးသားဖြစ်နေတောင် ဖွင့်ပြောခံလိုက်ရရင် အနည်းဆုံးတော့ အိုးတို့အန်းတန်းဖြစ်နေသင့်တာမဟုတ်ဘူးလား...
ဒါပေမယ့် အစ်ကိုက ဘာစာမှမရခဲ့တဲ့သူလိုပဲ ကြည်ကြည်လင်လင် ပြုံးရယ်ရင်း နှုတ်ဆက်လာတယ်။
အစ်ကိုပြုံးနေတာမြင်တော့လည်း 'စိတ်ကစားတာပါကွာ'ပြောခံရလို့ စိတ်ဆိုးချင်ချင်ဖြစ်နေတဲ့ ဖေးယွီကပဲ အရှုံးပေးရတော့တာပေါ့။
သူက အစ်ကို့အပြုံးတွေကိုချစ်ရတဲ့သူကိုး။အတန်းချိန်နီးလာပြီမလို့ စိတ်ကိုအားတင်းပြီး အစ်ကို့နားကပ် နှစ်ကိုယ်ကြားတိုးတိုးလေး...
"အစ်ကို ကျွန်တော့်စာကို ပြန်စဉ်းစားပေးဦး၊ ကျွန်တော်စိတ်ကစားတာမဟုတ်ဘူးလို့ သေချာပြောရဲတယ်''"ဟင် ဘာစာလဲ ဖေးယွီရဲ့''
ဟာ အစ်ကိုကတော့ မုန်လာဥလုပ်နေပြီကွာ။
ဖေးယွီ မျက်နှာဆူပုပ်ပစ်မိတော့ အစ်ကိုက ရယ်ပြန်တယ်။ သွား ဒီတစ်ခေါက်တော့ အပြုံးလည်းမရဘူး ရယ်ပြလည်းမရဘူး သူ တကယ်ကြီး အစ်ကို့ကိုတင်းသွားပြီ ><
နှုတ်တောင်မဆက်နိုင်တော့ဘဲ ဖေးယွီ အစ်ကိုနဲ့အဝေးကိုထွက်လာပစ်ခဲ့တော့တယ်။"အဲခွေးပေါက် ဘာဖြစ်သွားတာလဲ မင်းကရောဘာရယ်နေတာတုန်း''
ယွင်ရှီး ဟက်ဟက်ပက်ပက်ရယ်နေတော့ ဗင်ကျန်းက စူးစမ်းသလိုကြည့်ပြီးမေးလာတယ်။"ဗင်ကျန်း မင်း ညီက စိတ်ဝင်စားဖို့ကောင်းသား''
..............................
ဆရာက lecture အပီအပြင်ရိုက်နေလည်း ဖေးယွီစိတ်မဝင်စားနိုင်ပါ။
"ဆရာက ဘာလို့ အကျႌအဖြူစတိုင်ပင်ဘောင်းဘီအဖြူဝတ်လာတာလဲ''
"တောက် ဒီနယူးဖိကလည်း ခွေးပုံတွေပဲတက်နေ''
"အေး ကျိုးချီ မင်း ဒီစပ်ပြဲနေတဲ့ မုန့်တွေပဲ စားနေ သေဦးမယ်''
"Tsk! ဖေးယွီ မင်းဘာဖြစ်နေတာလဲကွာ''
ကျိုးချီက ဘုမသိဘမသိ အဟောက်ခံလိုက်ရတော့ ညှောင်နာနာလေးပြောလာတယ်၊ ဟုတ်တယ်လေ သူ ဒီမုန့်တွေစားလာတာ ဖေးယွီနဲ့စသိတဲ့ ဟိုးအငယ်တည်းကကို ခုမှထပြီးအဟောက်ခံနေရတယ်။
ဖေးယွီကလည်း ဖေးယွီပဲ အတန်းထဲရောက်ပြီးတည်းက မျက်နှာသိုးကြီးနဲ့ ခွေးဆိုးပတ်လုပ်နေတာ။
အဲဒါအစ်ကို့ကြောင့်...တကယ်ပေါက်ကွဲပစ်ချင်မိတာ အဖြူကြိုက်တဲ့အစ်ကို့ကို၊ ခွေးချစ်တတ်တဲ့အစ်ကို့ကို၊အစပ်ကြိုက်တဲ့အစ်ကို့ကို၊ သူ့ကိုစိတ်ကစားနေပါတယ် အမည်တပ်ပြီး သူ့ကိုပြန်ကစားနေတဲ့အစ်ကို့ကို။
YOU ARE READING
You're a blessing in my life
Fanfictionအစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ် အစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ်