(U)
အစ်ကိုက သူ့ကို သိသိသာသာရှောင်လာပါတော့တယ်။ လမ်းမှာတွေ့ရင် မျက်နှာကိုလွှဲလို့ တခြားလမ်းကရှောင်သွားလို့ရရင် သွားတယ်။ မရရင်လည်း သူ့ဆီ အကြည့်လေးတစ်ချက်တောင်ပို့မလာခဲ့.. တစ်ခါမှ မသိခဲ့ဖူးတဲ့ ဖြတ်သွားဖြတ်လာလူတွေလို။ ဖေးယွီ ဘာမှမလုပ်နိုင်ခဲ့ဘူး သူ့အမှားတွေ သူ့အပြစ်တွေပါပဲလို့ ခံစားရလို့ အစ်ကို့လုပ်ရပ်တွေက ကောင်းသည်ဆိုးသည်တောင် မပြောဝံ့ဘူး။
Final Exam နီးလာတော့ ဖေးယွီစိတ်တွေပြန်စုစည်းရတယ်။ စာမေးပွဲကတော့ ကျလို့မဖြစ်။ အစ်ကို့မျက်လုံးထဲ သူ့ကို အထင်သေးစရာအဖြစ် အမြင်မခံနိုင်။
အစ်ကို့ကို စာလည်းမပို့ရဲဘူး အနှောင့်အယှက်ဖြစ်မှာစိုးလို့ရော၊ စာကိုအာရုံမစိုက်နိုင်မှာစိုးလို့ရော။ တစ်နှစ်လုံး လော်ယွင်ရှီးဂုဏော အနန္တောလာတာမလို့ ဒီ private study ကာလ အတွင်းမှာတော့ စာကိုသေချာလုပ်မှဖြစ်မှာ။
အဲလိုနဲ့ social mediaတွေပါ မသုံးဘဲ နားထားလိုက်တယ်။ မမြင်ချင်တာ မမြင်ရတော့ တစ်မျိုးစိတ်ချမ်းသာရတာပေါ့။ ကျောင်းရဲ့ အတင်းအဖျင်း pageတွေကနေ ယွဲ့လျန်နဲ့ အစ်ကို့အကြောင်းတွေ မမြင်ရတော့တာမျိုးလေ။ သပုပ်လေလွင့်တွေ မယုံတတ်ပါဘူး ဒါပေမဲ့လည်း စိတ်ထဲ တကယ်ဖြစ်နေမှာကို ကြောက်စိတ်တော့ဝင်မိပါတယ်။ အစ်ကို့အတွက် သူက အထူးပုဂ္ဂိုလ်ဟုတ်မနေဘူးလေ။အခန်းတွင်းအောင်းနေတာ တစ်ပတ်ကျော်ပြီ။
Private studyလည်း ကုန်လို့ စာမေးပွဲဖြေရတော့မယ်။
စာလုပ်နေရင်းကနေ ခဏနားရင်း ဗင်ကျန်းဆီ စာပို့လိုက်တယ်။[သူ နေကောင်းရဲ့လား ဗင်ကျန်း]
[ကောင်းပါတယ် ကိုယ့်စာကိုပဲ သေချာလုပ်စမ်းပါ]
[ဓာတ်ပုံလေးဖြစ်ဖြစ် ရိုက်ပို့ပေးပါလား]
[နောက်မှပေါ့.. စာမေးပွဲပြီးမှ မင်းကိုယ်တိုင် သွားတွေ့လိုက်]
ဟုတ်ပါတယ်လေ ခဏပါပဲ မနက်ဖြန်ဆို စာမေးပွဲတွေစပြီ။
အလွမ်းစိတ်ကို ချိုးနှိမ်လို့ အောင့်ထားလိုက်မယ်။..................
စာမေးပွဲပြီးပြီ။
ဖေးယွီအတွက် အခက်အခဲမရှိ သူ အေးဆေးအောင်တယ်။ စာကြမ်းပိုးကောင်ကျိုးချီကတော့ ချက်ချင်း အထုပ်ပြင်ပြီး နယ်ပြန်သွားတယ်။ သူလည်း နယ်ကို လွမ်းတာပါပဲ။ ဒါပေမဲ့ ဒီမှာ နေရဦးမဲ့ အကြောင်းပြချက်ရှိသေးတယ်လေ။
မားမားကတော့ ပြန်မလာသေးလို့ ဖုန်းဆက်ပြီးဆဲလေရဲ့။
YOU ARE READING
You're a blessing in my life
Fanfictionအစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ် အစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ်