4(Z)

78 8 0
                                    

အခန်း ၎

ဒီ​နေ့ မနက်စောစောတည်းက မှိုင်းအုံ့နေတဲ့ ရာသီဥတုလိုပဲ ဖေးယွီစိတ်တွေလည်း မသာမယာဖြစ်နေခဲ့တယ်။
ရည်းစားပူမိနေတယ်ပြောရအောင်လည်း အစ်ကိုနဲ့က ရည်းစားတောင်မဖြစ်ရသေးဘူး။
ရောက်စက ဘော်ဒါတွေပါမလာလို့ နေ့နေ့ညည နယ်ပြန်ချင်တယ်အော်နေခဲ့တုန်းကတောင် ဖေးယွီ ဒီလောက်ထိစိတ်ညစ်နေပုံပေါ်မနေတာဘူး အဲဒါကြောင့် ဘာမှစိတ်မဝင်စားတဲ့ စာကြမ်းပိုးကျိုးချီတောင် မနေနိုင်တော့။

"ဖေးယွီ ဘာဖြစ်နေတာလဲ မင်း ဒီရက်ပိုင်း အရမ်းမှိုင်နေလားလို့။ ဘာစိတ်ညစ်စရာရှိလို့လဲ''

ဖေးယွီက ခေါင်းခါပြရင်း အဖြေပေးလာပေမဲ့ ကျိုးချီ ယုံမနေပါဘူး။

"ဘာလဲ မင်း crush ဘဲကြီးကြောင့်ပဲလား''

"မဟုတ်ပါဘူး''

"ဘာမဟုတ်ပါဘူးလဲ ဒီလိုဠင်းတဘာမီတွန်တိုက်ထားသလိုရုပ်ဖြစ်နေတာ မင်းရဲ့အစ်ကိုဆိုတဲ့ဘဲကြောင့်ပဲ သေချာတယ်''
"ငါတို့ နယ်ကတက်လာတာ ပညာသင်ဖို့ဆိုတာလည်း သတိရဦး ဖေးယွီ၊ ဘာကြောင့်ဖြစ်ဖြစ် ကျောင်းစာတော့မထိခိုက်စေနဲ့''

"အေးပါကွာ''

စာသင်ခုံပေါ် ခေါင်းမှောက်ပြီး မျက်လုံးအစုံကိုမှိတ်လိုက်ပေမဲ့ အစ်ကို့ကို tagတွဲတင်ထားတဲ့  Queenမမယွဲ့လျန်ရဲ့ Instragm Updateကိုပဲ မြင်ယောင်နေမိတယ်။
အထွေအထူးတော့မဟုတ်ပါဘူး
သူ့ကို ပြဇာတ်မှာ အများကြီးသင်ပေးလို့ကျေးဇူးတင်ကြောင်းကို အစ်ကိုနဲ့ selfieဆွဲထားတဲ့ပုံနဲ့။
ထူးတာက အစ်ကို့အပြုံးတွေ။
အစ်ကိုက အရမ်းကိုတောက်တောက်ပပပြုံးနေတာများ သူတစ်ခါမှကိုမမြင်ဖူးတာမလို့ သူမသိတဲ့တခြားတစ်ယောက်လိုပဲ။

ပြဇာတ်ပြီးသွားရင် သဝန်တိုရမဲ့ကိစ္စတွေမရှိလောက်တော့ပါဘူးဆိုပြီး အားတင်းခဲ့တဲ့ ဖေးယွီအားတွေပြတ်ချင်လာပြီ။
ဗင်ကျန်းက ပေးတဲ့သတင်းအရဆို အစ်ကိုနဲ့ယွဲ့လျန်နဲ့က ဒီရက်ပိုင်းအရမ်းခင်နေတယ်တဲ့။
ဗင်ကျန်း သူ့ကိုဆေးထိုးတာ မဟုတ်မှန်းသိတော့ ပိုဆိုးတယ်။
ကန်တင်းမှာ နှစ်ယောက် တူတူထမင်းစားနေတာကို ဖေးယွီ ခဏခဏမြင်နေရတာကိုး ယုံရပြီပေါ့။
အရင်ကတော့ အစ်ကိုတစ်ယောက်တည်းဆို မျက်နှာချင်းဆိုင်မှာ ဖေးယွီ အတင်းဝင်ထိုင်ပြီး ထမင်းလေးစားရင်း အစ်ကို့မျက်နှာလေးမော်ဖူးရင်း သူ့ခံစားချက်တွေကိုမသိမသာစကားသွင်းတတ်ပေမဲ့ ခုယွဲ့လျန်ရှိနေတော့ မသွားရဲဘူး။
ပြီး အစ်ကိုတို့စာသင်ခန်းဆီ ယောင်လည်လည်သွားလုပ်လည်း ယွဲ့လျန်က အစ်ကိုတို့အဖွဲ့ရဲ့စကားဝိုင်းထဲမှာ ​ပါပါနေရော။
အဲလိုနဲ့ အစ်ကိုနဲ့ဝေးနေရတာကြာပြီ။
ဖေးယွီ ထမင်းလည်း ကောင်းကောင်းစားမဝင်ဘူး စိတ်လည်း အများကြီးထိခိုက်တယ်။
မားမားအပေါ် ဒီ့ထက်ပိုလိမ္မာခဲ့လိုက်ရမှာ။
အဲဒါဆို မားမားက သူ့ကို နယ်ကနေ ဇွတ်ကလော်ထုတ်လိုက်မှာမဟုတ်ဘူး အဲလိုဆို အစ်ကိုနဲ့လည်း တွေ့ခဲ့ရမှာမဟုတ်ဘူး ဒီလိုတွေ ဝမ်းနည်း​​​နေရမှာလည်း မဟုတ်ဘူး။

You're a blessing in my lifeWhere stories live. Discover now