Unicode
ခုရက်ပိုင်း အိပ်လိုက် စားလိုက် ပြန်အိပ်လိုက် လုပ်နေရတာကြောင့် ယွင်ရှီးရဲ့ ချောင်နေတဲ့မျက်နှာက တော်တော်လေး ပြန်ပြည့်လာတယ်။
ဒီနေ့လည်း သူ အိပ်ရာက နိုးတော့ ၁၀ နာရီတောင်ထိုးပြီ။ မနက်အစောပိုင်းက တရေးနိုးသေးတယ်။ ကလေးတွေနိုးလာရင် ပြန်ချော့သိပ်သလို ''ကျွတ်..ကျွတ်..ကျွတ်'' အသံနဲ့အတူ ပုခုံးကို စည်းချက်မှန်မှန်ပုတ်ပေးမှုအောက်မှာ ပြန်အိပ်ပျော်သွားတာဖြစ်တယ်။ ဒီလိုနဲ့ အကျင့်တွေပါသွားပြီး ငပျင်းဖြစ်သွားရင် ခက်ပါရဲ့။သူ့မှာ အိပ်ရာထဲကနေ အသံကျယ်ကျယ်မမြည်အောင် ထရတယ်။ မျက်နှာချင်းဆိုင်က နှစ်ယောက်ထိုင်ဆိုဖာပေါ် ခွေခေါက်လို့အိပ်နေတဲ့ ဖေးယွီနိုးသွားမှာစိုးမိလို့။ စားပွဲပေါ်မှာ အပြာရောင်လိုက်ကာအသစ်တွေ.. ကြည့်ရတာ မနက်စောစော မြို့ထဲဘက်တစ်ခေါက် ရောက်ခဲ့ပြီထင်တယ်။ မနေ့က ဒီကလေး လိုက်ကာညိုညစ်ညစ်တွေကို ဗြုန်းဗြင်းနဲ့ ဆွဲချပစ်ထားတာ။
သူများရဲ့ တစ်ဦးတည်းသောသား ရင်နှစ်သည်းချာလေးကို ခိုင်းစားနေမိသလိုဖြစ်နေတာမို့ ဖေးယွီရဲ့မားကိုတော့ အရမ်းကိုအားနာနေမိတာပဲ။ ကျောင်းပိတ်ရက်ကို အိမ်မှာမနေဘဲ အမေလုပ်သူကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး သူ့ဆီအပြေးပြန်ရောက်လာတဲ့ ကောင်လေး.. သူ့အတွက်တော့ လိမ္မာတဲ့အကောင်စားလေးဖြစ်ပေမဲ့ မွေးသမိခင်အတွက်တော့ သားဆိုးလေးလည်းဖြစ်နေပြန်တယ်။
ယွင်ရှီးထလို့ မျက်နှာသစ်ဆေးကြောပြီး စားပွဲပေါ်က လိုက်ကာတို့ကိုယူကာ ဆိုဖာနားက အဖြတ် လက်ကိုဖြတ်ခနဲဆွဲခံလိုက်ရတယ်။
''ဘာလုပ်ဦးမလို့လဲအဲဒါ''
အိပ်ရေးမဝသေးတဲ့ မျက်လုံးတွေနဲ့ ထထိုင်ပြီး ဖေးယွီက သူ့ကိုမေးလာတယ်။ လက်ကိုလည်းဆွဲချလိုက်တာမလို့ သူ့မှာ ဖေးယွီဘေးက ဆိုဖာခုံနေရာလွတ်ဘက် ပုံခနဲထိုင်လျက်သား။
''ပြန်အိပ်ဦးလေ လူက အိပ်ချင်မူးတူးနဲ့ကို''
''အိပ်ချင်တောင် မရတော့ဘူး။ အစ်ကိုက ကျွန်တော်အိပ်တုန်း အလုပ်တွေခိုးလုပ်ဖို့ပြင်နေတာကိုး''
YOU ARE READING
You're a blessing in my life
Fanfictionအစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ် အစ်ကိုက ဆိုးတယ် ကျွန်တော့်ကို ရင်ခုန်စေတယ် နာကျင်စေတယ် ချစ်မိစေတယ်