part 2

12K 1.1K 93
                                    

Unicode

နာရီ နှိုးစက်ရဲ့ ဆူဆူညံညံ အသံတွေက ကျနော်ကို အိပ်ရာက ထဖို့ နှိုးဆော်နေတယ်။နာရီလက်တံက ၇ ကို ညွှန်ပြနေသည့်တိုင် ညက တော်တော် ညနက်ခဲ့တာမို့ အိပ်ရေးမဝသေးတော့ ဆက်အိပ်ဖို့ နှိုးစက်ကို ပိတ်ကာ ဘေးက အံဆွဲထဲ ပစ်ထည့်မိလိုက်မယ်။ တစ်ခါတစ်လေ ဒီ နှိုးစက်က တော်တော့်ကို ရှုပ်လွန်းတယ်

"ဒေါက် ..ဒေါက် ..ဒေါက် "

ဆက်အိပ်မလို့ ပြင်နေတုန်းရှိသေးတယ် တံခါးခေါက်သံက ကြားရပြန်ပြီ။

"Taehyung ..မထသေးဘူးလား။ ကျောင်းသွားရအုံးမယ်။ ချက်ချင်းထပြီး ရေချိုးတော့။ ပြီးရင် အောက်ဆင်းခဲ့။ မနက်စာ စားမယ်။ ပြီးတော့ ငါမင်းကို ပြောစရာရှိတယ် "

အမှာတမ်းတွေ တသီတတန်းကြီး ခြွေကာ အောက်ထပ်ဆင်းသွားတဲ့ ကျနော် ရဲ့ အကိုကြီး ဆိုသူ Kim Namjoon.. ပြီးရင် ဘာတွေ မိန့်ခွန်းပြောအုံးမလဲ မသိဘူး

အိပ်ရာမှ ထကာ ရေချိုးဖို့ပြင်ဆင်ရတယ်။ မဟုတ်ရင် နောက်တစ်ခေါက်လာနိုးနေမှာ

အောက်ထပ်ကို ရောက်တော့ အသင့်ပြင်ထားတဲ့ မနက်စာက ကျနော့်အကြိုက် hot chocolate နဲ့ strawberry cake ..

"မနေ့ညက နောက်ကျတယ်ဆို။ ထပ်ပြီး ရဲစခန်းရောက်ပြန်ပြီလား။ မင်းအသက်လည်း မငယ်တော့ဘူး။ လိမ္မာသင့်ပြီ။ ဟို alpha နဲ့ ယှဉ်ပြီး လိုက်ပြိုင်နေလို့မရဘူး။ မင်းက omega ဆိုတာ မမေ့ပါနဲ့ "

ပါးစပ်ထဲကို မနက်စာ မထည့်ရသေးဘူး စားချင်စိတ်မရှိအောင် အကိုကြီးက ဆုံးမဩဝါဒတွေ ခြွေနေတယ်

"မနက်စာ အရင် စားလို့မရဘူးလား အကို..ပြီးမှ ပြောချင်ရာပြောလေ "

"မင်းက ငါ ဆုံးမတိုင်း ဘယ်တော့မှ အလေးမထားဘူး။ မင်း မနက်စာ စားတာကို စောင့်နေရအောင် ငါအတွက် အချိန်မရှိဘူး။ မကြာခင် အလုပ်သွားရတော့မှာ "

အကိုက အချိန်ကို အရမ်းလေးစားတာ။ တစ်စက္ကန့်လေးတောင် အပိုအလိုမရှိ အလုပ်လုပ်လေ့ရှိတယ်။ အရမ်းတိကျတယ်။ သူက ရှေ့နေတစ်ယောက်။ တရားမျှတမှုရှိလွန်းလို့ လူတိုင်းက လေးစားကြတယ်။ ကျနော်နဲ့တော့ တခြားစီ ..

A Villain Omega : Parallel World [Completed]Where stories live. Discover now