Unicode
အရောင်အသွေးစုံလင်လှတဲ့ ကားအသစ်စက်စက်တွေက တောက်ပြောင်လို့နေတယ်။ မီးရောင်က ထိန်လင်းလွန်းနေတော့ ကားတွေရဲ့အလှက ပိုပြီး ထင်ရှားလို့နေတယ်။ ကားတွေထက်ပိုပြီး အလှသွေးကြွယ်နေတာက ကားတွေကြားထဲက ပုပုလုံးလုံးလေး...
"ဦး က ဘာလို့မလာသေးတာလဲ .."
မျှော်နေသူက မလာသေးတော့ စိတ်မရှည်စွာ ရေရွတ်နေတဲ့ Jimin ..နေ့တိုင်း A-D Showroom ဆီ လာနေကျသူလေးမို့ အလုပ်သမားတိုင်းက မှတ်မိနေကြပြီ။ တစ်နေ့တစ်မျိုး မရိုးရအောင် ပြင်ဆင်လာတတ်တဲ့ အဆာပြေမုန့်လေးတွေ၊ မနက်စာ စားဖို့အချိန်မရတဲ့ သူဌေး min အတွက် အမယ်စုံလှတဲ့ မနက်စာတွေက များလွန်းတော့ အားကျနေကျတဲ့ ဝန်ထမ်းလေးတွေက အများအပြား...
" ဦး ရောက်လာပြီ "
ကားနာမည် အသစ်အဆန်းတွေကို စပ်စုရင်း မျှော်နေသူ လာပြီမို့ ပြုံးရယ်ကာ ပြောနေတဲ့ omega လေး..
"ဒီနေ့ နောက်ကျတယ်နော်.."
သူဌေးဖြစ်သူဆီ omega ချောချောလေးက အရောက်လာတော့ ဘေးက ဝန်ထမ်းတွေက အလိုက်တသိ ဖယ်ထွက်သွားကြတာ နေ့တိုင်းပါဘဲ..
"အင်း.."
အနေအေးပြီး စကားနည်းတဲ့ ဒီလူကြီးကို ချစ်မိနေတော့လည်း မနက်တိုင်း ကျောင်းချိန် တစ်ချိန် အလွတ်ခံကာ လာနေရတာ အပန်းမကြီးပါဘူး။ အမြဲ အနားကပ်လာတဲ့ alpha တိုင်းကို လှည့်မကြည့်ခဲ့တဲ့ ကျနော်က ဒီလူကြီးနဲ့မှ ဝဋ်လည်နေတာ။ Taehyung နဲ့ ဦးနဲ့က ရင်းနှီးနေတော့ Taehyung ကိုရော ဘယ်လိုဆက်ဆံတတ်လဲဆိုတာ လေ့လာကြည့်တော့ ကျနော့်ကို ဆက်ဆံပုံနဲ့ ကွဲပြားတယ်။ ဘာလို့ ကျနော် တစ်ယောက်တည်းကိုမှ ရွေးပြီး ခက်ထန်ထန် ဆက်ဆံနေရတာလဲ ဗျာ..
"ဒါက ice coffee ..သောက်နေကျ ဆိုင်က ဝယ်လာခဲ့တာ.."
"မင်းအတွက် အချိန်တွေ အဲ့လောက်တောင် ပေါနေတာလား ကလေး.."
" ဟမ် "
"ကိုယ့်အတွက် အနှောက်အယှက် ဖြစ်နေတယ် မင်း လုပ်ပေးတာတွေက.."
အနှောက်အယှက် တဲ့လား..ကျနော့်လို လူက ဘယ်သူ့ကိုမှ ခေါင်းငုံ့ခံခဲ့တာ မဟုတ်ဘူး..ခင်ဗျားဖြစ်နေလို့ ခင်ဗျားတစ်ယောက်တည်းကိုသာ ဒီလိုတွေ လုပ်ပေးနေခဲ့တာ..ခင်ဗျားဘေးမှာ ရှိနေခဲ့ရတဲ့ တစ်လဆိုတဲ့ အချိန်က မများလွန်းပင်မယ့် ကျနော့်အတွက်တော့ တန်ဖိုးရှိလွန်းပါတယ်။
YOU ARE READING
A Villain Omega : Parallel World [Completed]
Werewolf"ဇာတ်လမ်းတစ်ပုဒ်မှာ ငါက villain နေရာက ပါခဲ့ရင်တောင် ကျေနပ်တယ်..အနည်းဆုံးတော့ မင်းဆိုတဲ့ Jeon Jungkook ကို ငါပိုင်နိုင်ခဲ့တယ်.." 𝙱𝚘𝚝𝚑 𝚄𝚗𝚒𝚌𝚘𝚍𝚎 /𝚉𝚊𝚠𝚐𝚢𝚒 𝚜𝚝𝚊𝚛𝚝 𝚍𝚊𝚝𝚎 : 23 .7 .2021 𝚎𝚗𝚍 𝚍𝚊𝚝𝚎: 24.9.2021