Part 11

11.7K 1K 30
                                    

Unicode

"အင်း ..သေချာ လေ့လာ ငါ သင်ပေးမယ်.."

နား နားကို တိုးကပ်စွာ လေသံတိုးတိုးလေးနဲ့ အသိပေး‌မိတော့ ယုန်သူငယ်ပမာ ခေါင်းလေး တညိတ်ညိတ်‌နဲ့သူ။ မြတ်နိုးရတဲ့ နှုတ်ခမ်းပါးအောက်နားလေးက မှဲ့ လေးကို ဦးစွာ အနမ်းခြွေမိတော့ နှစ်ခြိုက်စွာ ပြုံးရယ်လို့လာတယ်..သူ ကျေနပ်ပျော်ရွှင်နေရင် ကြည့်နေရတဲ့ ကျနော်ပါ အလိုလို အပျော်တွေ ကူးစက်စေနိုင်တယ်..

"‌ဒီ မှဲ့လေးကို သိပ်မြတ်နိုးတာ.."

အ‌ချိန်အတော်ကြာ နမ်းရှိုက်ထားတဲ့ မှဲ့လေးကို လက်ညှိုးလေးနဲ့ ထိတွေ့ကာ ဘယ်လောက်ထိ သဘောကျကြောင်း ပြောမိတော့..

"ဒီ မှဲ့လေးကလည်း အရမ်းလှတာ.."

ကျ‌နော့်မျက်ဝန်းအောက်က မှဲ့လေးကို အနမ်းတစ်ပွင့်ပေးအပ်ကာ ပြန်ဖြေတဲ့သူ..သေချာတာတော့ ကျနော့်တစ်ကိုယ်လုံးမှာ မျက်ဝန်းအောက်က မှဲ့လေးက ကျနော် တန်ဖိုးအထားဆုံး ဖြစ်နေတော့မှာ..

ကျနော့်ဘက်က စတင်မိတဲ့ အနမ်းက နူးညံ့စွာ..သူ့ရဲ့ပန်းနုရောင်နှုတ်ခမ်း‌ပါးလေးက နူးညံ့လွန်းနေပြန်တော့ အချိန်အတော်ကြာသည့်တိုင် မြတ်မြတ်နိုးနိုး နမ်းရှိုက်မိတယ်။ ချိုမြိန်လွန်းတာက ပျားရည်တွေတောင် အရှုံးပေးရနိုင်ပါတယ်..

လျှာဖျားနွေးနွေးကလည်း ယစ်မူးဖွယ်ကောင်းလွန်းလို့ ယမကာကို စွဲလမ်းတဲ့ အမူးသမားသဖွယ် သူ့ရဲ့ လျှာဖျားလေးကို စွဲလမ်းနေမိပြီ။ အသည်းယားဖို့ ကောင်းလွန်းလို့ ဆိုတဲ့ အကြောင်းပြချက်လေးကြောင့် ကျနော့်ရဲ့ နှုတ်ခမ်းပါးကို ကိုက်လိုက်တဲ့သူ.‌ သွေးတွေထွက်သည့်တိုင် နာကျင်မှုကို မေ့လျော့နေတဲ့ ကျနော်က ‌ဆေးမမီတော့တာ သေချာတယ်..

တစ်စတစ်စ ပြင်းထန်လာတဲ့ အနမ်းတွေကြောင့် မောပန်းလာသည့်တိုင် ရှေ့ဆက်တိုးမိတဲ့ ကျနော်..သင်ပေးမယ်ပြောတဲ့ ကျနော်က အခုတော့သူ့ရဲ့နောက်ကို အမှီမလိုက်နိုင်တော့ဘူး။ တဖြည်းဖြည်း လှဲချလိုက်တဲ့ ကားရဲ့ ဆိုဖာခုံလေးနဲ့အတူ ကျနော့် ခန္ဓာကိုယ်လေးကလည်း သူ့ရဲ့ စေရာအတိုင်း လဲလျောင်းလို့နေပြီ။ အုပ်မိုးကာ ကြည့်နေတဲ့သူက လှပလွန်းတဲ့ မေးရိုးလေးက အထင်သား..

A Villain Omega : Parallel World [Completed]Where stories live. Discover now