Unicode
အမွှေးပွ ခေါင်းအုံးလေး အောက်က မြည်လာတဲ့ ဖုန်းသံ ကြောင့် အအိပ်မက်တဲ့ ကျနော်တောင် နိုးလာခဲ့တယ်.. Canada ရောက်နေတဲ့ အကိုက နေကောင်းလား မေးတာကို ည ၁၁ ခွဲမှ လာမေးနေလို့ စိတ်တိုတိုနဲ့ အင်း ဟု ဒေါသထွက်စွာပြန်ဖြေလိုက်မိတယ်။ အကိုနဲ့ ခဏတာ ဖုန်းပြောပြီးတော့ ဘေးနားမှ လွတ်နေတဲ့နေရာကြောင့် kook မရောက်သေးဘူးလား ဟူသော မေးခွန်းလေးက ခေါင်းထဲနေရာယူလာတယ်။
ချက်ချင်းဖုန်းကို ချကာ kook ဆီခေါ်တော့ ထောင့်နားက စားပွဲပေါ်မှာ အသံမြည်လာတဲ့ ဖုန်း..သူ ပြန်ရောက်နေပြီဘဲ ~~ရုတ်တရက် ကြားလိုက်ရတဲ့ ညည်းသံလေးကြောင့် အသံလာရာကို ရှာမိတော့ ရေချိုးခန်းဆီမှ ~~ အနားကပ်ကာ နားထောင်မိတော့ ..ကြားနေရတဲ့ ဒီအသံတွေ ကြားနေရတဲ့ ကျနော့်နာမည်ကြောင့် ရှက်ရွံ့စွာ နောက်ဆုတ်ပြီး ကုတင်ပေါ် ပြန်တက်ဖို့ ပြင်တုန်း ထွက်လာတဲ့ kook..
အလန့်တကြား လှုပ်ရှားလို့မရတော့တဲ့ ကျနော့်ခြေထောက်တွေက သူ့အရှေ့မှာ ကျောက်ရုပ်သဖွယ် ရပ်တန့်လို့နေပြီ။ သူကလည်း ကျနော့်ကို ကြည့်ကာ အားနာနေတာလား ဘာဖြစ်နေမှန်းမသိတဲ့ ဒီအခြေအနေက တော်တော်ကို ရူးကြောင်ကြောင် နိုင်လွန်းလှပေတယ်..
"နိုးနေတာလား "
ရေချိုးခန်းတံခါးကို ပိတ်ကာ ကျနော့်ရှေ့ လာရပ်တဲ့ သူ..
"ရေဆာလို့ နိုးသွားတာ .."
"ရေ က ဟို စားပွဲပေါ်မှာလေ Tae "
ထောင့်နားက စားပွဲကို ညွှန်ပြကာ ကျနော့်ရဲ့ နှုတ်ခမ်းပါးဆီ ဦးတည်လာတဲ့ သူ့ရဲ့လက်...အောက်နှုတ်ခမ်းလွှာကို ထိတွေ့လာတဲ့ လက်မလေးက နူးညံ့လွန်းလို့ အထိအတွေ့လေးကို သဘောကျမိတာ အမှန်ပါ~~~
"ခြောက်သွေ့နေတာဘဲ ရေမသောက်ရသေးဘူး ထင်တယ် "
"အခု သောက်မလို့ "
သူ့ရဲ့ လက်ကို ဖယ်ထုတ်ကာ စားပွဲပေါ်က ဖန်ခွက်ထဲ ရေအပြည့်ဖြည့်ပြီး တစ်ခါတည်း မော့သောက်မိတယ်..ရေ ဆာနေတာ မဟုတ်ပင်မယ့် အခုတော့ တကယ် ဆာလောင်နေတာ။ ဆာလောင်နေတဲ့ အရာကလည်း ရေမဟုတ်ပြန်ဘူး။
YOU ARE READING
A Villain Omega : Parallel World [Completed]
Werewolf"ဇာတ်လမ်းတစ်ပုဒ်မှာ ငါက villain နေရာက ပါခဲ့ရင်တောင် ကျေနပ်တယ်..အနည်းဆုံးတော့ မင်းဆိုတဲ့ Jeon Jungkook ကို ငါပိုင်နိုင်ခဲ့တယ်.." 𝙱𝚘𝚝𝚑 𝚄𝚗𝚒𝚌𝚘𝚍𝚎 /𝚉𝚊𝚠𝚐𝚢𝚒 𝚜𝚝𝚊𝚛𝚝 𝚍𝚊𝚝𝚎 : 23 .7 .2021 𝚎𝚗𝚍 𝚍𝚊𝚝𝚎: 24.9.2021