Part 6

10.8K 1K 71
                                    

Unicode

"Jeon... ဒီပန်းခြောက်တွေကို ပစ်လိုက်တော့လေ .."

ကျောင်းပိတ်ရက်တိုင်း အမြဲလာတတ်တဲ့သူက ရှိမနေဘဲ တခြားလူတစ်ယောက် ရောက်နေတော့ နေသားမကျဘူး။ ကိုယ့်အခန်းထဲအခြားသူဝင်တာ မကြိုက်ပင်မယ့် ချစ်သူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရောက်လာတဲ့ သူမကို ကျနော် မတားမိဘူး။ မိဘတွေကို ‌ဖွင့်ပြောခဲ့တဲ့ လက်ထပ်ဖို့ကိစ္စက ငြင်းတာလည်း မဟုတ်သလို၊ လက်ခံတာလည်း မဟုတ်တော့ အခြေအနေက မဆိုးရွားသော်လည်း ပျော်ရွှင်‌မနေတဲ့ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင်ဘဲ..

တစ်ကြိမ်တစ်ခါမှ ရင်မခုန်ဖူးခဲ့တဲ့ ကျနော်က သူမကို ရင်ခုန်ခဲ့မိတော့ အချစ်လို့ ထင်မိတယ်။ လူတွေပြောကြတဲ့ ရင်ခုန်ရင် အချစ်ဆိုတာကို ထင်ယောင်ထင်‌မှား ဖြစ်မိတယ်။

သူမပေးတဲ့ ကြင်နာမှုတွေ၊ ယုယတွေကိုခုန်မင်တော့ သူမကို လက်လွှတ်မခံချင်နိုင်အောင်ထိ ဖြစ်မိတယ်။ ကိုယ့်ရဲ့လက်တွဲဖော်ဆီက ကိုယ့်ကိုအားကိုးတဲ့စိတ်၊ ဂရုစိုက်မှု၊ နွေးထွေးမှုကို ရဖို့မျှော်လင့်နေတဲ့ကျနော်အတွက် လိုချင်တာတွေ ပေးနိုင်မယ့် သူမကို ရှာတွေ့ခဲ့တော့ ဆုံးရှုံးရမှာကို ကြောက်မိတယ်

မြတ်နိုးလွန်းလို့ သိမ်းထားတဲ့ ပန်းတွေကို လွှတ်ပစ်ဖို့ ဆိုလာတဲ့ သူမက ဒီအခန်းထဲ ဘယ်လိုရောက်လာတာလဲ။ ဒီအခန်းကျဥ်းလေးက ‌ကျနော့်အခန်းဘေးက သီးသန့်နေရာလေး..မေ့မရနိုင်တဲ့ အမှတ်တရ တစ်ချို့ကို သိမ်းဆည်းထားရာလေး။ ကျနော်ကလွဲပြီး ဝင်ခွင့်မရှိလို့ မိဘတွေတောင် ခြေဦးမလှည့်ကြဘူး

"Eun Ji.. ဘာလို့ ဒီအခန်းထဲ ဝင်တာလဲ။ ကိုယ့်ရဲ့ ပစ္စည်းတွေကို အသိ‌မပေးဘဲ ကိုင်တာ ကိုယ်မကြိုက်ဘူး.."

လေသံမာမာနဲ့ ပြောမိတော့ ချက်ချင်းတောင်းပန်တဲ့သူမ..အပြုံးလှလှလေးနဲ့ ပြုံး‌ပြနေတဲ့ သူမကို တကယ်ချစ်တာလား မသေချာပင်မယ့် သူမကိုတော့ သဘောကျမိတယ်။ အမြဲနားလည်ပေးတတ်ပြီး ဂရုစိုက်မှုတွေကြားမှာ ကျနော် ပျော်မွေ့မိတယ်။ သူမကတော့ ကျနော့်ကို တကယ်ချစ်နေခဲ့တာ။ စည်းစိမ်ချမ်းသာတွေကို ‌မက်မောတာထက် ကျနော့်ကို မက်မောနေခဲ့တဲ့ သူမ..

A Villain Omega : Parallel World [Completed]Where stories live. Discover now