Unicode
ဘနားနားမစ်ဘူးလေးရယ် အသီးလေးတွေကို အစီအရီ လှီးထည့်ထားတဲ့ ဘူးလေးကို ပန်းရောင် ခြင်းလေးထဲထည့်ကာ sandwich လုပ်ဖို့ ပြင်ရတယ်...
"မား ရေ.. နှစ်ဘူးထည့်ပေးလို့မရဘူးလား "
အသားညှပ်ပေါင်မုန့်လုပ်နေတဲ့ ကျနော့်ရဲ့ အင်္ကျီကို လာဆွဲတဲ့ ပေါက်စလေးက Ella.. အတိအကျဆို Jeon Ella ပေါ့...
"မရပါဘူး ... ချောင်းဆိုးလိမ့်မယ်။ တစ်ဘူးဘဲရမယ်.. "
"မားကလည်း Ella လေး ကို မချစ်တော့ဘူးလား ဟင်.. မချစ်တော့လို့ မကျွေးချင်တာလား ဟင်.. "
Ella လေးက သိပ်ခေါင်းမာတာ... လိုချင်တာကို မရရအောင် တောင်းတတ်သေးတာ။ အစားအသောက်ကအစ အပြုအမူတွေပါ သူနဲ့ တစ်ထေရာတည်း...အခုလည်း ဘနားနားမစ် ကို တစ်ဘူးတည်းနဲ့ မလုံလောက်တဲ့ Ella လေးက နောက်တစ်ဘူးပါ ထပ်ထည့်ခိုင်းနေပြန်တယ်...
"မဟုတ်ရပါဘူး Ella လေးရယ်.. မားက စိတ်ပူလို့ပြောတာပါ.. "
ခေါင်းလေးကို ပွတ်ပေးကာ ပါးမို့မို့ေလးကို နမ်းရှိုက်ပြီး ချော့ပြောရတယ်။ စတော်ဘယ်ရီ ဆပ်ပြာနံ့လေးသင်းနေတဲ့ ကိုယ်သေးသေးလေးက အရမ်းကို ချစ်ဖို့ကောင်းတာ...
"မပြီးကြသေးဘူးလား .. ငါ နောက်ကျတော့မယ် "
လက်ဆွဲအိတ်ကြီးနဲ့ ထွက်လာတဲ့ ရှေ့နေ Kim ကြောင့် Ella လေးက ကျနော့်ပါးပြင်ကို နှုတ်ခမ်းသေးသေးလေးတွေနဲ့ ထိတွေ့လာတယ်.. ပြင်ဆင်လို့ပြီးသွားတဲ့ ခြင်းလေးကို ယူကာ မူကြိုကျောင်းလေးကို သွားတော့မယ် Ella လေးတောင် ၃ နှစ် ရှိပြီ..
အချိန်တွေက ကုန်ဆုံးတာ အရမ်းမြန်တယ်။ မျက်စိရှေ့တင်ဘဲ Ella လေးတောင် ကြီးပြင်းလာပြီ။ Ella ကိုမွေးတုန်းကလည်း တော်တော့်ကို ခက်ခဲခဲ့တယ်။ ယောက်ျားလေးတစ်ယောက်က မွေးယူရတာမို့ ပိုပြီး ပင်ပန်းခဲ့တယ်။ ကလေးလေးကို တွေ့ချင်စိတ်ကသာ ပြင်းထန်လို့နေတော့ ကျနော့်အသက်ကို ရင်းရရင်တောင် အဆင်ပြေပါတယ်
Omega တစ်ယောက်ဖြစ်တဲ့ကျနော်က Ella လေးကို မွေးပြီးတော့ ခန္ဓာကိုယ်က အနည်းငယ် ပြောင်းလဲလာခဲ့တယ်။ အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်း ဖြစ်လာတဲ့ ရင်ဘတ်ကြောင့်လည်း တကယ့်ကို အရှက်ရမိပါတယ်။ ဘယ်လိုဘဲ ကလေး ရှိနေပါစေ ရှက်တတ်တဲ့ ဒီစိတ်ကတော့ ပျောက်လို့မသွားပါဘူး...
YOU ARE READING
A Villain Omega : Parallel World [Completed]
Werewolf"ဇာတ်လမ်းတစ်ပုဒ်မှာ ငါက villain နေရာက ပါခဲ့ရင်တောင် ကျေနပ်တယ်..အနည်းဆုံးတော့ မင်းဆိုတဲ့ Jeon Jungkook ကို ငါပိုင်နိုင်ခဲ့တယ်.." 𝙱𝚘𝚝𝚑 𝚄𝚗𝚒𝚌𝚘𝚍𝚎 /𝚉𝚊𝚠𝚐𝚢𝚒 𝚜𝚝𝚊𝚛𝚝 𝚍𝚊𝚝𝚎 : 23 .7 .2021 𝚎𝚗𝚍 𝚍𝚊𝚝𝚎: 24.9.2021