Part 12

11.4K 1K 30
                                    

Unicode

လှောင်အိမ်အဖြူလေးထဲက ယုန်ဖြူလေးနှစ်ကောင်..အပြေးအလွှား သခင်ရှိရာဆီ အရောက်လာပြီး ကျွေးလာမယ့် အစာတွေကို အားပါးတရ စားသောက်လို့နေတယ်။ အမွှေးနုနုလေးကို ပွတ်သပ်ပေးရတာ သဘောကျလွန်းတော့ ဒီကိုရောက်တိုင်း ယုန်လေးတွေဆီ အမြဲလာတတ်တယ်။ မကြာခင် သူတို့အတွက် သခင်အသစ်ကိုပါ ခေါ်လာပေးတော့မှာ ဆိုတော့ သူတို့လေးတွေ မပျင်းရတော့ဘူးပေါ့...

အပြေးအလွှား သခင်ရှိရာဆီ အရောက်လာပြီး ကျွေးလာမယ့် အစာတွေကို အားပါးတရ စားသောက်လို့နေတယ်။ အမွှေးနုနုလေးကို ပွတ်သပ်ပေးရတာ သဘောကျလွန်းတော့ ဒီကိုရောက်တိုင်း ယုန်လေးတွေဆီ အမြဲလာတတ်တယ်။ မကြာခင် သူတို့အတွက် သခင်အသစ်ကိုပါ ခေါ်လာပေးတော့မှာ ဆိုတော့ သူတို့လေးတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပြောင်းလဲလာတော့မယ့် အနာဂတ်က မနက်ဆို ဒီအဖြူရောင် စံအိမ်လေးရဲ့ ပိုင်ရှင်က ကျနော်တစ်ယောက်တည်း မဟုတ်တော့ဘူး။ နောက်ထပ်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ သူပါ ပိုင်ဆိုင်နိုင်တော့မှာ။ တစ်ပတ်လုံး ပင်ပန်းနေခဲ့တာက မင်္ဂလာပွဲလို့ခေါ်တဲ့ ဘာမှ အရေးမပါလှတဲ့ ပွဲတစ်ခုကြောင့်..မိဘတွေရဲ့ အတင်းတိုက်တွန်းမှုကြောင့်သာ ပြင်ဆင်ခဲ့ရတဲ့ ပွဲက တကယ်အရေးမပါတော့တာ အမှန်ပါ..

တစ်ခါတစ်လေမှသာ ပွဲစီစဉ်တဲ့နေရာဆီ အရောက်လာတတ်တဲ့သူ..ကျနော်ကသာ အပင်ပန်းခံပြင်ဆင်နေပင်မယ့် သူကတော့ ဘယ်ဆီ ရောက်နေမှန်း မသိ..မပျက်မကွက် ပြောနေကျစကားလေးက ချစ်တယ်တဲ့..စိတ်ဆန္ဒမပါခဲ့ရင်တောင်၊ လိမ်ညာပြောနေခဲ့ရင်တောင် ကျနော်ကတော့ တကယ်ပျော်နေခဲ့တာ..

အဖြူရောင် ရှပ်ပွပွလေးကို ဝတ်ဆင်ကာ ကြယ်သီးအနည်းငယ် ဖြုတ်ထားမိတော့ ပေါ်လာတဲ့ ညှက်ရိုးဖွေးဖွေးလေး..ဟိုနေ့ညက နောက်ဆုံးဘဲ သူနဲ့ ထိတွေ့ဖြစ်တာ..ဒီရက်ပိုင်း သူ့မျက်နှာ မြင်ရဖို့တောင် ခက်ခဲလို့နေတယ်။ နား လေးမှာ တွဲလျား‌ကျနေတဲ့ ဖန်စီ နားကပ်လေး ..မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၂ နှစ်က သူဝယ်ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်..ဒါလေးကလည်း နောက်ဆုံးဘဲ..

A Villain Omega : Parallel World [Completed]Where stories live. Discover now