အပိုင်း(၂)

5.3K 359 1
                                        

"ဖေဖေ......ဟင်းးးးးးးး"

အိပ်မက်ကြောင့်ထိတ်လန့်မှုနဲ့အတူရွှန်းတွယ်တာခင်တစ်ယောက်ထထိုင်လိုက်လေသည်၊၊အသက်ရှုသံတွေကလည်းပြင်းပြီးပါးပြင်မှာလည်းမျက်ရည်စတွေနဲ့ဖြစ်သည်၊၊

"သမီး......"ခေါ်သံနဲ့အတူအခန်းတံခါးကလည်းပွင့်လာလေသည်၊၊

အမေဖြစ်သူကပျာကပျာဝင်လာပြီးကုတင်မှာတင်ပါးလွှဲထိုင်လိုက်ကာရွှန်းတွယ်တာခင်ရဲ့နဖူးကချွေးစလေးတွေသုတ်ပေးလေသည်၊၊

"သမီး.....အိပ်မက်တွေမက်ပြန်ပြီလား"

ချွေးတွေသုတ်ပေးနေတဲ့အမေ့လက်ကိုဆုပ်ကိုင်ကာမျက်ရည်တွေဖြင့်ခေါင်းလေးညိမ့်ပြလေသည်၊၊အမေကလည်းသူ့သမီးကိုရင်ခွင်ထဲထည့်ကာပွေ့ဖက်ထားလိုက်လေသည်၊၊

ခဏကြာတော့ရွှန်းတွယ်တာခင်စိတ်ငြိမ်သွားတော့မှလွှတ်ပေးကာ
"ခဏလေးနော်သမီး
မေမေရေသွားခပ်လိုက်ဦးမယ်"ဆိုကာခပ်မြန်မြန်လေးအခန်းကထွက်သွားလေသည်၊၊

မကြာပါဘူးရေအပြည့်ဖန်ခွက်လေးကိုင်ကာအမေပြန်ဝင်လာလေသည်၊၊

ရွှန်းတွယ်တာခင်လည်းရေကိုတခါတည်းသောက်ချလိုက်ပြီးအမေလက်လေးကိုအားကိုးတကြီးဆုပ်ကိုင်ထားပြန်သည်၊၊

ဖန်ခွက်လေးကိုစားပွဲပေါ်တင်လိုက်ပြီးသမီးဖြစ်သူနားဝင်လှဲလိုက်ပြီး
"မကြောက်နဲ့နော်....မေမေရှိတယ်"

သမီးဖြစ်သူကိုဖက်ထားပြီးတင်ပါးလေးကိုပုတ်ကာသိမ့်လေသည်၊၊ကိုယ်တိုင်လည်းပါးပြင်ထက်မျက်ရည်တွေဖြင့်အတိတ်ကိုပြန်တွေးမိပြန်သည်၊၊အချိန်တွေသာကြာခဲ့ပေမဲ့ဒီအဖြစ်ဆိုးကြီးကကျန်ခဲ့တဲ့သူတွေအတွက်မနေ့တနေ့ကလိုသာဖြစ်နေသည်၊၊

ရွှန်းတွယ်တာခင်၁၀တန်းဖြေပြီးတော့မိသားစုတွေပျော်ပျော်ပါးပါးဘုရားဖူးထွက်ကြလေသည်၊၊ပျော်စရာခရီးလို့မျှော်လင့်ထားခဲ့ပေမဲ့
ကားအက်ဆီဒင့်ဖြစ်ကာသားလေးနဲ့ယောကျ်ားဖြစ်သူကိုသေကွဲခွဲခဲ့ရရှာသည်၊၊ထိုအဖြစ်အပျက်ကသူမတို့အတွက်အချိန်ဘယ်လောက်ကြာကြာတမြေ့မြေ့ရင်မှာခံစားရတုန်းဖြစ်သည်၊၊အဆိုးထဲကအကောင်းလို့ပဲဆိုရပေမည််၊၊သူမနံရိုးသုံးချောင်းကျိုးပြီးအသည်းတစ်ခြမ်းကိုလှီးထုတ်လိုက်ရပေမဲ့သမီးဖြစ်သူကတော့ကြီးကြီးမားမားမထိခိုက်ရှာပေ၊၊သို့သော်သမီးလေးကအရင်လိုစကားမပြောနိုင်ရှာတော့ပေ၊၊ကျန်ခဲ့တဲ့သူမတို့အတွက်တော့စိတ်ဒဏ်ရာတွေနဲ့သာတနေ့တနေ့ဖြတ်သန်းရလေသည်၊၊

Right PersonWhere stories live. Discover now