ရွှန်းတွယ်တာခင်ဘာကိုမှဂရုမစိုက်တော့ဘဲမင်္ဂလာပွဲမှမျက်ရည်စများဖြင့်ပြေးထွက်သွားလိုက်သည်၊၊ပွဲတစ်ခုလုံးလည်းပါးစပ်အဟောင်းဖြစ်ကုန်ကြသည်၊၊သတိုးသားနဲ့သတိုးသားမိဘတွေကတော့မျက်စိပျက်မျက်နှာပျက်ဖြစ်ကြရသည်၊၊ရွှန်းအမေကတော့အားလုံးကိုတောင်းပန်ပါတယ်တခွန်းဆိုကာသမီးဖြစ်သူနောက်ကိုပြေးလိုက်သွားသည်၊၊
"ရှေ့ကကားနောက်ကိုမြန်မြန်လိုက်ပေးပါရှင်"
Taxiတစ်စီးအမြန်ငှားကာသမီးဖြစ်သူနောက်လိုက်လေသည်၊၊တစ်ဖက်မှာလည်း.....
"သမီး.....သွန်းသီရိမေ
အစာအိမ်အောင့်တာနွားနို့ကဆေးပဲ
ဒါလေးတခါတည်းသောက်ချလိုက်"သွန်းဗိုက်အောင့်ဒဏ်ကြောင့်နဖူးထက်ချွေးများစို့ပြီးမျက်နှာတစ်ခုလုံးဖြူဖက်ဖြူရော်ဖြစ်နေရှာသည်၊၊သူ့နှလုံးသားကဒဏ်ရာပါထပ်ပြီးပေါင်းဆုံတော့လူကတဖြည်းဖြည်းနုံးချိလာလေသည်၊၊
အချိန်တိုင်းသူမအကြောင်းတွေးမိတော့ပါးပြင်ထက်မျက်ရည်စတွေကလည်းခြောက်သည်ဟူ၍မရှိပေ၊၊
"သမီးမသောက်ချင်ဘူးအမေ
ပြန်ယူသွားလိုက်ပါ......"သွန်းတစ်ဘက်သို့ကျောပေးကာလှည့်အိပ်လိုက်လေသည်၊၊"ဟာ....ဒီကလေးမလေးတော့
ညည်းအစာမစားဘဲကိုယ့်ကိုအငတ်ခံသတ်နေတာလား.....ညည်းအရင်နဲ့ကိုမတူဘူး
ဘာတွေဖြစ်နေတာလဲ......တငေးငေးတငိုင်ငိုင်၊ငိုလိုက်ရယ်လိုက်နဲ့ဘာတွေကိုဖြစ်နေတာ"သွန်းလည်းကိုယ့်ခံစားချက်နဲ့ကိုယ်မို့အိပ်နေရာမှဆက်ခနဲထထိုင်လိုက်ပြီးအမေဖြစ်သူကိုဒေါသမျက်လုံးတွေဖြင့်ကြည့်ကာ
"အမေတို့လူကြီးတွေကြောင့်.....
မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့သမီးအသက်ထက်ချစ်ရပါတဲ့ဆိုတဲ့မိန်းကလေးကိုသမီးကိုယ်တိုင်ပဲအဝေးဆုံးကိုတွန်းထုတ်ပစ်ခဲ့ရတာ.....အသက်ရှင်စိတ်လည်းမရှိတာမို့ကျေးဇူးပြုပြီးဒီတိုင်းလေးလွတ်ထားပေးပါ.....ဂုဏ်သိက္ခာတွေအရှက်တွေကသမီးအသက်ထက်နှလုံးထက်ပိုတန်ဖိုးကြီးတယ်မလား.......စိတ်ချသေရင်တောင်ဂုဏ်သိက္ခာရှိရှိသေပေးပါ့မယ်"ကိုယ့်နှလုံးအိမ်တည့်တည့်ကိုလက်သီးဆုပ်ဖြင့်ထုကာအော်ဟစ်လိုက်တော့သည်၊၊
YOU ARE READING
Right Person
Romanceချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံရပြီးအချစ်ကိုစိတ်ကုန်သွားတဲ့ကောင်မလေးနဲ့ ကားအက်ဆင့်ဖြစ်ပြီးစကားပြောဖို့အခက်အခဲဖြစ်နေတဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်း